{Unicode}
ရာသီတွေအလီလီ အမြန်ကုန်ဆုံးဖို့အရေး ဆုတောင်းဖြစ်မယ်လို့ Mewတစ်ခါမှ မတွေးမိခဲ့ဘူး။ မတွေးမိတာအသာထား ခုလက်ရှိအချိန်တော့တကယ်ကြီး ဆုတောင်းနေရပြီ။
'နွေပြီးရင် မိုးမလာတော့ဘဲ ဆောင်းရာသီကိုသာ အမြန်ဆုံးရောက်ပါစေ ဘုရား' ဆိုပြီးတော့ပေါ့~
ခုလိုဆုတောင်းနေရတဲ့ အကြောင်းရင်းက သည်နှစ်ဆောင်းဦးရောက်ရင် Mew နဲ့ Gulf တို့ရဲ့ အကျဉ်းရုံးလက်ထပ်ပွဲလေးရှိတယ်လေ။
အစကတော့ ကျွန်တောာ်တို့နှစ်ယောက်လုံးကျောင်းပြီးချိန် နှစ်ဖက်မိသားစုတွေနဲ့ ဘုန်းကြီးကျောင်းသွားပြီး လက်ထပ်ဆွမ်းကျွေး ကပ်ကြမယ်ပေါ့။ ကျွန်တော်နဲ့ ကလေးက အဲ့လိုစီစဉ်ထားကြတာ။ မေမေကတော့ ကျွန်တော်တို့သဘောပဲတဲ့။
မမျှော်လင့်တဲ့ လက်ထပ်ပွဲဖြစ်ပေါ်လာပုံက Gulfရဲ့Maeကြောင့်။ ဟုတ်တယ် ခင်ဗျားတို့နားကြားမလွဲဘူး။ အတည် ၊ ဒီလက်ထပ်ပွဲကို Ting Raiမှာ ကျင်းပရမယ်လို့ Gulf အမေကိုယ်တိုင် စီမံခဲ့တာ။ ကျွန်တော်တို့နှစ်ယောက်လုံး ဟန်ဆောင်ပြီးငြင်းကြည့်ပေမယ့်လဲ Maeကအရမ်းကို စိတ်အားထက်သန်နေခဲ့တာလေ။
ကျွန်တော့်မေမေကိုလဲ အရမ်းအလေးပေးပြီး ညီအမအရင်းနဲ့ မခြားချစ်ပေးတယ်။ မေမေ့အတိတ်ကအကြောင်းတွေ သိရပြီး သူညလုံးပေါက် ငိုခဲ့တဲ့ အကြောင်းတွေတော့ Gulf ရဲ့ Phorပြောပြမှ သိခဲ့ရတာ။ ကျွန်တော့်ကလေးလေးက မအေတူသားလေးနေမှာ။ အပြင်ပန်းကြည့်ရင် ခက်ထန်ပုံရပေမယ့် တကယ့်အတွင်းစိတ်လေးက ထင်မထားလောက်အောင် နူးညံ့နေခဲ့တာလေ။
အရမ်းပြောင်းလဲလာခဲ့တဲ့ ကျွန်တော့်ယောက္ခမကြီးက ကျွန်တော့်ကိုလဲ ချစ်ပေးရှာပါတယ်။ Gulfရဲ့ စိတ်ချမ်းသာမှု့က ကျွန်တော်ဖြစ်နေမှတော့ သူလဲဘာမှမတတ်နိုင်ပါဘူးတဲ့။ ကဲ ….
ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ယောက္ခမကြီးလဲ~~"နွေရာသီက ဒီနှစ်ကုန်ဦးမှာတဲ့လား "
စုတ်တချက်သပ်ပြီး ပြောလိုက်တဲ့ Mewစကားကို Gulfကလဲ တသွေမတိမ်းထောက်ခံတယ်။
YOU ARE READING
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...