Part 22

1.5K 144 35
                                    

{Unicode}

ခါတိုင်းရက်တွေဆို သတိမထားမိပေမယ့် ဒီလိုနေ့မျိုးကျမှ အဝင်စောလွန်းနေသည့် နေမင်းကြီးကို ကျွန်တော်တကယ် အပြစ်တင်မိတာတော့အမှန်ပါ။
အစာစားလို့မဝသေးပေမယ့် အချိန်တန်လို့ ညနေစောင်းတော့ အိပ်တန်းပြန်နေကြတဲ့ ငှက်လေးတွေကိုတောင် ပြတင်းပေါက်ကနေလှမ်းမြင်နေရပြီ ။

အဆောင်ရဲ့တနေရာကနေ  ထိုမြင်ကွင်းကို ကြည့်ပြီး မကြည်နူးနိုင်ဘဲ သက်ပြင်းမောတွေရှိုက်ထုတ်နေတဲ့ အပူသည် ကောင်လေးနှစ်ယောက် ခမျာမှာတော့။

ဘေးနားကနေ တတီတီနှင့် မြည်နေသောဖုန်းလေးခမျာတော့ ‌မောပန်းလွန်းလို့ထင်ပါရဲ့
(၃)''(၄)ခါလောက်သာ မြည်ပြီး အဖက်လုပ်ပြီး ဖြေဆိုမယ့်သူ မရှိတော့ အသံတိတ်ကာ ငြိမ်သက်သွားလေရဲ့။

ဖုန်းသံငြိမ်သက်သွားမှ အသိစိတ်တို့ကိုပြန်ကပ်ကာ ကိုကို့ကို ပြန်ခိုင်းဖို့သတိရတော့ ပူးကပ်နေသည့်ခန္ဓာကိုယ် နှစ်ခုကို ဆွဲခွာလိုက်ပြီး…

"ကိုကို ကျောင်းဆင်းချိန်ရောက်ပြီလေ Pyaeဖုန်းခေါ်ထားတာလဲ မနည်းတော့ဘူး သူလဲစိတ်ပူနေမှာပေါ့ တော်ကြာကိုကိုအိမ်ရောက်ရင် အဆူခံရပြီး နောက်ရက်တွေပါ ကျောင်းမတက်ရတော့ရင် ပြီးရော"

ဒီစကားလုံးလေးတွေ နှုတ်ဖျားကထွက်လာဖို့ကို အတင်းကြိုးစားပြီး ပြောလိုက်ရတယ်ဆိုတာ ကိုကိုသိပါ့မလား

"အင်းပါ ကိုကိုသိတယ် ခဏလေးပဲနော် ခဏလေးဒီတိုင်းနေခွင့်ပေးဦး"

အပြောတို့ကမဆုံးသေးခင် ကျွန်တော့်ခန္ဓာကိုယ်ကို လွတ်ထွက်သွားမည့်အလား တင်းကြပ်စွာ ဖက်ထားပြန်တယ် ဒီလိုနဲ့ ကျွန်တော် ခင်‌ဗျားကို ပြန်မလွှတ်တော့ဘဲ ဆွဲထားမိတော့မှာမို့ ကျွန်တော်ခွင့်ပြုပေးနေတုန်းကို ပြန်လိုက်ပါတော့
မလိုလားအပ်ဘဲ ‌အရင်တခါလို ကိုကိုနဲ့ နောက်ထပ်အကြာကြီးမခွဲချင်တော့ပါ

"ကိုကို ကျွန်တော်နဲ့ မခွဲနိုင်ဘူးဆိုတာ သိပါတယ် ဒါပေမယ့် နောက်ရက်တွေလဲ ကျောင်းမှာနေ့တိုင်းတွေ့လို့ ရပြီလေ ဟုတ်တယ်မို့လား ဒီလိုညလေးပဲခွဲရမှာကို အကဲမပိုနဲ့တော့ ပြန်တော့တော်ကြာPyaeက ကျွန်တော့်ကိုပါ ဆူနေဦးမယ်"

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now