Part 25

1.5K 154 15
                                    

{Unicode}

အခန်းထဲမှာ ကျွန်တော်နဲ့ ကိုကို နှစ်ယောက်ထဲပဲ ရှိတော့တယ်ဆိုတဲ့အသိက ကျွန်တော့်တစ်ကိုယ်လုံးကို ရှိန်းရှိန်းဖိန်းဖိန်းကြီး ဖြစ်သွားစေတယ်။

ကျွန်တော့် ဘယ်ဘက်ခြမ်းရင်အုံက သခင့်အလိုကို မလိုက်ဘဲ အိန္ဒြေမရစွာနှင့် အဆက်မပြတ် ခုန်နေတာက ကြားမကောင်းလောက်အောင်ပါပဲ။

"ဟိတ် ကလေး ဘာကြောင်ကြည့်နေတာလဲ လုပ်စရာရှိတာသွားလုပ်လေ ပြီးမှမင်းကို ကောင်းကောင်းဆူရဦးမယ်"

"အောင်မာ ကျွန်တော်လုပ်ချင်မှ လုပ်မှာပေါ့ နေပါဦး ဆူရမှာက ကျွန်တော်ပါ သူများအခန်းထဲကို အသိမပေးဘဲ ခိုးကြောင်ခိုးဝှက်ဝင်လာတာက ဘယ်သူလဲ? "

"သူများအခန်းကို ဝင်တာမဟုတ်ဘူး ကိုယ့်ချစ်သူအခန်းမို့ဝင်လာတာ အဲ့တော့ ကိုကို့မှာ အပြစ်မရှိဘူး အခန်းထဲကို သူစိမ်းတွေခေါ်လာခဲ့တဲ့ ကလေးမှာလုံးဝအပြစ်ရှိတယ် ဒီနေ့ ကိုကိုသာ ရောက်မလာခဲ့ရင် ဒီအဖြစ်အပျက်တွေကို သိ‌လိုက်မှာတောင်မဟုတ်ဘူး "

"ပြောပြန်ပြီလား  ကျွန်တော့်ကို မယုံသင်္ကာနဲ့ သူစိမ်းတွေမှ မဟုတ်တာ ဘော်ဒါတွေ ဒီတိုင်း ဆုံမိပြီး သောက်ကြတာပဲ
ဒါကလဲ လူငယ်ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ မဆန်းပါဘူး"

"အင်းပါ ခုကိုကိုပြောနေတာက ကလေးက အရင်ကသောက်တတ်တဲ့ သူမဟုတ်ဘူးလို့ Su ဆီက ကြားထားတာ ခုနောက်ပိုင်းခဏတိုင်းသောက်နေလို့ ပြီးတော့ ကလေးကို တခြားသူတွေနဲ့ တခန်းထဲမှာ တညလုံးရှိနေတယ်ဆိုတဲ့ အတွေးကြီးက ကိုကို့စိတ်ထဲဘယ်လိုမှ အဆင်မပြေဘူး "

"အဲ့တာတော့ ခင်ဗျားစိတ်နဲ့ နှိုင်းနေလို့ပေါ့ ကျွန်တော်ကတော့ ကွယ်ရာမှာ သူစိမ်းဘယ်နှယောက်နဲ့ပဲ ရှိရှိ ဖောက်ပြန်မယ့် ကောင်မျိုးမဟုတ်ဘူး "

"ကလေး ဆိုလိုချင်တာက ကိုကိုက ကလေးကွယ်ရာမှာ ဖောက်ပြန်နေတယ်ဆိုတဲ့ သဘောလား"

"ထားပါ ကျွန်တော် စကားမများချင်ဘူး"

"နေဦး အဲ့လိုရှောင်ထွက်သွားလို့မရဘူး ကိုယ့်ကို ရှင်းအောင်ပြော ပြောစရာရှိရင် တည့်တိုးပြောပြီး ဖြေရှင်းကြမယ်လို့ ကတိပေးထားခဲ့ကြတယ်လေကွာ ဘာတွေကြားထားလို့ ကိုကို့ကို စွပ်စွဲနေတာလဲ ကိုကိုကလေးကို ဘယ်လောက်ထိချစ်လဲဆိုတာ တကယ်ပဲမမြင်တာလားကလေးရာ"

Be Your Boy,You Will Be My Man💓(Completed)Tempat cerita menjadi hidup. Temukan sekarang