Part 13

1.6K 153 17
                                    

{Unicode}

"ဟင်   Gulf ငိုနေတယ် ဘာလို့လဲဟင်
ကိုယ့်ကိုစိတ်ဆိုးသွားတာလား ကိုယ်တောင်းပန်ပါတယ်နော် မငိုပါနဲ့တော့ ကိုယ်ဒီစကားကို မပြောခဲ့ဘူးလို့ သတ်မှတ်ပေးပါကွာနော် ကိုယ့်ကို အခင်မင်တော့မပျက်သွားပါနဲ့ ကိုယ်တောင်းပန်ပါတယ်ကွာနော် နော် "

ပြောလိုက်မှပိုဆိုးပြီး စောနကထက်ပိုငိုသာသည့် ကောင်လေး  ^^ကိုယ်ဘာများလုပ်ပေးရမလဲကွာ မင်းငိုနေရင် ရင်ဘတ်ကြီးကနာကျင်ရလွန်းလို့ တိတ်ပါတော့ချာတိတ်‌ရာ^^^

ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ ချာတိတ်ပါးပေါ်ကမျက်ရည်စတွေကို လက်ညှိုးလေးနဲ့အသာယာဖယ်ရှားရင်း လက်တဖက်ဖြင့် ခေါင်းလေးကို အသာယာပွတ်ပေးနေမိသည် ။

"Gulf အဲ့လိုဘာမှမပြောဘဲနဲ့တော့ မနေပါနဲ့ကွာ ကိုယ်မှားပါတယ် တကယ်တောင်းပန်ပါတယ်နော် ကိုယ်ကချစ်တယ်ဆိုတာကလေ ဟို ဒီတိုင်းညီလေးတယောက်လို ချစ်တာကိုပြောတာပါ စိတ်မဆိုးပါနဲ့နော်"

လောလောဆယ် အငိုတိတ်ဖို့သာအဓိကမို့ ကိုယ့်ခံစားချက်တွေကို မြိုသိပ်လိုက်ပါပြီချာတိတ်ရေ ကိုယ်အခြေနေအကဲခတ်တာ မှားသွားခဲ့ပြီပဲ ။

ထိုအချိန် ကျွန်တော့်ရင်ဘတ်ကိုတဘုန်းဘုန်း ထုလာသည့် လက်လေးတွေ အားမပါပေမယ့် ကျွန်တော်အနည်းငယ်တော့ လန့်သွားမိသည်။

"ရိုက်ပါGulfရယ် ကိုယ့်ကိုမင်းကြိုက်သလိုအပြစ်ပေးနိုင်ပါတယ် ကိုယ့်စကားကိုမကြားခဲ့ဘူးလို့သတ်မှတ်ချင်လဲရပါတယ်နော်"

"ပြောပြန်ပြီလား ဒီစကား အဲ့ပါးစပ်ကြီးကို မပိတ်သေးဘူးလား ပြောပြီးသားကို မပြောခဲ့ဘူးလုပ်လို့ရလားဟင် ကြားခဲ့ပြီးပြီလေ ဘာမကြားရဘူးမှတ်ရမှာလဲ "

"ဟင် အဲ့ဆို  Gulfကကိုယ့်ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား"

"ခု ဆိုးသွားပြီ ဘာမှလာမပြောနဲ့တော့ "

"မရဘူး မရတော့ဘူး အခုမှဆိုးလို့မရဘူး ပြောဘာလို့ငိုတာလဲ ပြောကွာ ကိုယ်အူယားအောင်လာမလုပ်နဲ့နော် "

"မကောင်းတဲ့လူကြီး ဘာလို့အခုမှပြောရတာလဲ သူများကစောင့်နေရတာ သေတော့မယ် စတွေ့ထဲက ချစ်တာကိုအဲ့ထဲက ပြောလိုက်ရင် ဒီပါးစပ်ကြီးက ဘာဖြစ်သွားမှာမို့လဲ  ချစ်တယ်လေးပြောဖို့ကို အဲ့လောက်တောင်ဝန်လေးနေရလားဟင် တွေ့တာတစ်လနဲ့(၂၈)ရက်တောင်ရှိနေပြီ ဒီချိန်ထိအောင့်အီးနေရလား "

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now