{Unicode}
မျက်ရည်စတွေနှင့် ကျွန်တော် ဆက်တိုက်ပြေးလာနေမိတာ တနေရာရောက်မှ ရင်းနှီးနေပါတယ်ဆိုပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိလိုက်တော့..
^^^သေစမ်း ငါဘာလို့ ဒီနေရာကို ရောက်လာရတာလဲ Gulfမင်းခုထိ မမှတ်သေးဘူးလားဟင် ဟိုက မင်းကိုမလိုအပ်လို့ အဆက်သွယ်ဖြတ်ပြီး မိန်းမတယောက်နဲ့တောင် တစ်ကားထဲတူတူစီးလာတာလေ မင်းကဘာတွေခံစားနေတာလဲ မင်းကဘာလို့သူ့ကို အရူးတယောက်လို လွမ်းနေရတာလဲ ချီးပဲ^^^
ဆက်ပြေးဖို့လဲ အင်အားမရှိတော့တာကြောင့် ရောက်နေသည့်နေရာတွင်သာ ငုတ်တုတ်ထိုင်ချလိုက်သည်။
ကျွန်တော်ဘယ်နေရာကို ရောက်နေတယ်ထင်ကြလဲ?
ကိုကို ကျွန်တော့်ကို ချစ်တယ်လို့ဖွင့်ပြောခဲ့တဲ့နေရာ
ပြီးတော့ ကျွန်တော်ကလဲ ကိုကို့ကို ချစ်တယ် လို့ပြန်ပြီး အဖြေပေးခဲ့တဲ့ ပန်းခြံထဲမှာ အရူးတယောက်လို ထိုင်နေမိတာလေ...ရယ်ရတယ်နော်ကျွန်တော့်အဖြစ်က ...
ငါ့မှာတော့စိတ်ပူနေရတာ အစားမှအချိန်မှန်စားပါ့မလား အိပ်ရေးတွေများပျက်နေမလား ဖုန်းမကိုင်နိုင်လောက်အောင် အမေကိုများပြုစုနေရတာလားနှင့် 'လား' ချင်းထပ်နေသည့် မေးခွန်းပေါင်းမြောက်မြားစွာနဲ့ မွန်းကြပ်ခဲ့တဲ့ နေ့တွေညတွေ
သူကတော့ ငါ့ဆီကိုဖုန်းမဆက်နိုင်လောက်အောင်ကို ရည်းစားအသစ်နဲ့ အလုပ်ရှုပ်နေတာပေါ့လေ
အဲ့တာဆို ခင်ဗျားအမေဆေးရုံတက်ရတယ်ဆိုတာကရော လုပ်ဇာတ်ပဲလားကျွန်တော့်ကို မြှူစွယ်ပြီးတော့ မလိုချင်လိုချင်လာအောင် ဆွဲဆောင်ပြီးတော့ ပစ်ချထားခဲ့တာက အဲ့မိန်းမဆီက ဖုန်းဆက်လာလို့လား အမေ့ကျန်းမာရေးနဲ့တောင် ခင်ဗျားက လိမ်ရဲတဲ့အဆင့်ရောက်နေခဲ့ပြီလား
ခင်ဗျားတကယ်တော်ပါတယ် အပေါင်းသင်းလုပ်ခဲ့တဲ့ တချိန်လုံး တကယ်မရိပ်စားမိခဲ့ဘူး
ကျုပ် "အ"တာလဲ ပါတာပေါ့လေ အသဲကွဲဖူးတဲ့လူမို့ ဒဏ်ရာတွေကိုငါတတ်စွမ်းသလောက် ကုစားပေးပြီး ဘဝတသက်စာလုံး ဘေးမှာရှိသွားမယ်လို့ ရေရှည်Plan တောင်ချထားသေးတဲ့ ကျုပ်က 'လူအ' ဗျ
VOUS LISEZ
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...