{Unicode}
ရေတံခွန်မှာ ခဏအချိန်ဖြုန်းပြီးတော့ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို လေ့လာဖို့အတွက် Guide တစ်ယောက်ငှားလိုက်ကြသည် ။Khao Yai National Park ဟာစိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊သစ်တောတွေနဲ့ဖုံးလွှမ်းထားပြီး စတုရန်းကီလိုမီတာ (၂၀၀၀)ဝန်းကျင်ခန့် ကျယ်ဝန်းသော အကြီးစားအပန်းဖြေစခန်းတစ်ခုဖြစ်သည် ။
မှန်းဆမရနိုင်အောင် ကျယ်ဝန်းရုံသာမက တောရိုင်းတိရစ္ဆာန်အများစုကိုလဲ ဘေးမဲ့ပေးထားသည့်အတွက် Guide မငှားဘဲလည်ပတ်ဖို့ မည်သို့မျှ အဆင်ပြေမည်မဟုတ်ပါ ။
Guide၏ လမ်းညွှန်မှု့နှင့် အရင်တခါကMewတို့မိသားစုမရောက်ဖြစ်ခဲ့ကြသည့် မိချောင်းတွေကိုဘေးမဲ့ပေးထားသည့် ရေတံခွန်တွေဆီလဲရောက်ခဲ့ကြတယ်။
"ဒီကောင်ကြီးတွေ ပါးစပ်ထဲသာ ရောက်သွားရင် ဘယ်လိုနေမယ်မသိဘူးနော် "
"သိချင်ရင် မင်းဝင်ကြည့်ပါလား "
"ဝင်စရာလားလို့ P'Mildကလဲ ကျွန်တော်ကသဘောပြောပြတာပါ "
ထိုအချိန် သစ်တုံးပေါ်တွင် အိပ်စက်နေသော မိချောင်းကြီးတစ်ကောင်မှ အမြီးကိုယမ်းကာ လှုပ်လှုပ်ရှားရှားဖြစ်လာတော့ Su နဲ့Pyaeတို့တွေရော တခြားဧည့်သည်မိန်းကလေးတွေပါ အော်ဟစ်ပြီး အထိတ်တလန့်ထွက်ပြေးကြတော့တယ် ။
"ကိုကိုတခြားနေရာ သွားကြစို့ ကြောက်စရာကြီး မကြည့်ချင်တော့ဘူး "
"ဒီပေါ်ထိ တက်မလာပါဘူးညီမလေးကလဲ ကဲပါကြောက်နေရင်လဲ ဆင်တွေကိုဘေးမဲ့ပေးထားတဲ့ နေရာပဲသွားကြရအောင် "
"အမ'ပွန်'ကြည့်ရတာ မိချောင်းကို မကြောက်ဘူးနဲ့တူတယ် "
"မကြောက်ဘူးလို့လဲ မဟုတ်ပါဘူးGulfရယ် အမကဒီအရွယ်ထိ တခါမှမိချောင်းကိုအပြင်မှာမမြင်ဖူးတော့ အထူးအဆန်းလိုဖြစ်နေတာ ပြီးတော့ဘေးနားမှာ Gulfတို့ပါနေလို့လဲ ကြည့်ရဲတာပေါ့ "
YOU ARE READING
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...