{Unicode}
ရင်ခွင်ထဲမှာမိန်းမောနေတဲ့ ကောင်လေးကို ကျွန်တော့်ကိုယ်ပေါ်ကနေ 'မ' ချီလိုက်ပြီး ဘေးဖက်သို့ လှဲချစေကာ ကုတင်ခြေရင်းမှ စောင်ပါးလေးတစ်ထည်ကိုယူပြီး ဗလာကျင်းနေသော ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်၏ ။
တယောက်အိပ် ကုတင်လေးပေါ်တွင် (၆)ပေကျော် အရပ်ကြီးတွေနှင့်လူသားနှစ်ဦး ချစ်ပွဲဆင်နွှဲခဲ့ကြတာတော့ ဘယ်လိုမှ ကြည့်ကောင်းနေမည် မထင်ပါ ။ စောနက အချစ်စိတ်တက်နေ၍ သတိမထားမိသော်လည်း ခုလိုနှစ်ယောက်ယှဉ်တွဲ အိပ်လိုက်တော့မှ ကုတင်ပေါ်တွင် အတော်လေးကို မသက်မသာဖြစ်ရ၏။
"ကလေး "
" ........."
"ထတော့ သန့်ရှင်းရေးလုပ်ပြီး ရေချိုးရအောင်နော်"
"တော်ပြီ ထချင်ဘူး"
"ကလေးကလဲ မထချင်လို့မရဘူးလေ ညစ်ပတ်နေတာတွေအကုန်လုံး သန့်ရှင်းရမှာပေါ့ ကလေးအိပ်ယာခင်းတွေလဲ ပြန်ကြည့်လိုက်ဦး "
"ဟင် ဟုတ်သားပဲ အဲ့တာကိုကို့ကြောင့်သိရဲ့လား အကုန်ပေပွကုန်ပြီ သူများကမှ လျှော်ရမှာ ပျင်းပါတယ်ဆို "
မြင်ဖူးနေကျမဟုတ်သော ပုံစံလေးနှင့် ချွဲပြနေသော ကလေးကိုကြည့်ပြီး သဘောကျမဆုံးဖြစ်ရသည် ။ ဘယ်သူမှ မမြင်နိုင်တဲ့ သူ့ရဲ့ တခြားဖက်ခြမ်းကို မျက်မြင်တွေ့လိုက်ရတော့ ပြီးမြောက်ခဲ့သည့် ဆန္ဒတွေက တဖန်ထကြွကာတောင်းဆိုလာပြန်တော့တယ်။
"ကလေး အဲ့လိုကြီး မချွဲနဲ့ကွာ ကိုကိုတကယ် ညှစ်ဖေါက်မိတော့မယ် အူယားလာပြီနော် နောက်လဲခဏခဏ လျှော်ရဦးမှာ အပိုတထည်ဆောင်ထားသိလား"
"ဘာလို့ခဏ ခဏလျှော်ရမှာလဲ ကိုကိုကလဲ မလိုပါဘူးအိပ်ယာခင်းပါဆို ကျွန်တော်အရင်ကလဲ နှစ်ပတ်လောက်နေမှ တခါလျှော်တာ"
"ခုက အရင်နဲ့မတူတော့ဘူးလေကွာ ကိုကိုကမင်းလေးဆီကို ခဏတိုင်းလာပြီးတော့ ဒီကုတင်လေးပေါ်မှာ ဟောဒီက ကလေးကို ........."
"အာ ကိုကိုတော်ပြီနော် ကျွန်တော်က အကောင်းမှတ်လို့နားထောင်နေတာ နေ့ခင်းကြောင်တောင်လဲမရှောင် ထန်နေတဲ့ အဘိုးကြီး"
VOCÊ ESTÁ LENDO
Be Your Boy,You Will Be My Man💓(Completed)
Fanficအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...