{Unicode}
စာမေးပွဲနောက်ဆုံးရက်
ပထမနှစ်ဝက်ရဲ့စာမေးပွဲပြီးဆုံးဖို့ နာရီပိုင်းပဲလိုတော့တဲ့အချိန် ကျောင်းသားကိုယ်စီမှာ မတူညီတဲ့စိတ်ခံစားမှု့တွေနဲ့ နောက်ဆုံးဘာသာကိုကြိုးစားပြီးဖြေဆိုနေကြတယ် ။ ကျန်တဲ့အချက်အလက်တွေမတူညီကြရင်တောင် မွေးရပ်မြေကိုပြန်ကြရမယ့်ပျော်ရွှင်မှု့တွေကတော့ ထပ်တူညီနေကြမယ်ထင်ပါရဲ့။
ကျွန်တော်လား? အမှန်တိုင်းပြောရရင်ပျော်တော့ပျော်တာပေါ့ဗျာ။ ဒါပေမယ့်မပျော်နိုင်ဘူးဖြစ်နေတယ်။။Phor နဲ့Maeကို အကြာကြီးခွဲထားခဲ့ရပြီးမှပြန်တွေ့ရတော့မယ်ဆိုတော့ ပျော်တာပေါ့။
သို့ပေမယ့်ကျွန်တော်ကအရင်လိုSingleမဟုတ်တော့ဘူးလေ။ ကျွန်တော့်မှာချစ်ရမယ့်'ကိုကို'တစ်ယောက်လုံးရှိနေပြီမို့လား။ သူ့အကြောင်းစဉ်းစားလိုက်တိုင်း ရင်ခုန်သွားအောင်လုပ်နိုင်စွမ်းရှိတဲ့ချစ်ရတဲ့သူတစ်ယောက်လုံးနဲ့ခွဲရမယ့် ကိစ္စကိုကျွန်တော်အပြည့်အဝပျော်နိုင်မှာတဲ့လားဗျာ။
ကျောင်းသားတချို့စာဖြေချိန်အပြည့်မဖြေဘဲ တစတစကျောင်းပြင်ထွက်လာကြသည်။ အဲ့ဒီကျောင်းသားတွေထဲ ကျွန်တော်Gulf Kanawutလဲပါတာပေါ့။ ကိုကို့ကို တွေ့လိုဇောနဲ့ လက်ကိုမော်တာတပ်ဖြေပြီးစောစောထွက်လာခဲ့တာ။
ကိုကိုကတော့စာဖြေချိန်ပြည့်မှထွက်မယ်ဆိုတာ သိနေတယ်။ ဘာလို့ဆိုကျွန်တော့်ကိုကိုက စာအရမ်းတော်ပြီးကြိုးစားတဲ့ကျောင်းသားတစ်ယောက်လေ။ ကျွန်တော့်လိုခပ်ပေါ့ပေါ့ကောင်ဆိုးလေးမဟုတ်ဘူးဗျ။
အဟက်! ဒီလိုတွေးမိမှပဲ ကျွန်တော်နဲ့ကိုကိုရဲ့ ထူးဆန်းတဲ့အချစ်ဇာတ်လမ်းကိုအံ့ဩမိတယ်။ ကျွန်တော့်လိုဂျစ်ကန်ကန်၊ခေါင်းမာတဲ့ကောင်နဲ့ ကိုကို့လိုဥစ္စာပေါရုပ်ချော၊မိန်းကလေးရောယောင်္ကျားလေးတိုင်းကပါကြိုက်ကြတဲ့ လူတစ်ယောက်နဲ့ ချစ်သူတွေဖြစ်သွားတယ်ဆိုတာ Dramaတွေထဲပဲရှိမယ်ထင်ခဲ့တာ။
လက်တွေ့ဘဝကပိုပြီး ရှုပ်ထွေးဆန်းကျယ်တယ်ဆိုတာကျွန်တော်နဲ့ကိုကို့အဖြစ်ကသက်သေပါပဲ။ တွေ့စကမရေရာတဲ့ အကြောင်းပြချက်တွေနဲ့မုန်းမိခဲ့ပေမယ့် ခုလိုချိန်မှာကျွန်တော်ကသူနဲ့မခွဲနိုင်လို့ မှိုင်တွေနေတာတဲ့လား?? ကိုယ့်အဖြစ်ကိုပြန်တွေးကြည့်ရင်း ကျွန်တော်ရယ်ရမလား ငိုရမလားတောင်မသိတော့။
YOU ARE READING
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...