Part 38

1K 123 28
                                    

{Unicode}

ပြတင်းပေါက်ကနေတဆင့်ထိုးဖောက်ဝင်လာတဲ့ ဖျော့တော့တော့နေရောင်ခြည်က ခရီးသွားရမယ့်ကောင်လေးမျက်နှာပေါ်ကို တည့်တည့်ကျရောက်တယ်။

စိတ်ဖိစီးမှု့တွေနဲ့ နိုးထလာရတဲ့မနက်ခင်းက ချစ်ရသူရင်ခွင်ထဲမှာမို့ ဖြေသာသေးတာပေါ့။ ညတုန်းကလဲ ကိုယ်စီအပူအပင်တွေနဲ့မို့  ကိုကိုလဲကောင်းကောင်းအိပ်ပျော်ပုံမပေါ်ပါဘူး။

ချစ်ရသူရဲ့မျက်နှာချောချောကို အသေချာစိုက်ကြည့်မိတော့  ဘာတွေကိုတွေးပြီးအိပ်ပျော်နေလို့ပါလိမ့်။ ထင်ရှားလွန်းတဲ့မျက်ခုံးတန်းနှစ်ခုက အလယ်မှာမသိမသာစုနေပြီး ကျွန်တော်စွဲလန်းရတဲ့နှုတ်ခမ်းလေးက တိကျစွာပိတ်ထားပြီး အလိုမကျမှု့ကိုပြလှစ်နေသယောင် ။

ခဏတာအနားယူရတဲ့ အချိန်လေးတော့စိတ်ဖိစီးမှု့တွေကိုမတွေးဘဲ ကောင်းကောင်းအိပ်စက်ပေးရင်ကောင်းမှာပဲဗျာ။ ဒါမှဟိုရောက်ရင် ကျွန်တော်ခင်ဗျားကို စိတ်ချလက်ချနဲ့ လွမ်းနေနိုင်မှာ။

မကုန်ဆုံးနိုင်တဲ့အတွေးတွေကို Gulfလေပူတချက်မှုတ်ထုတ်ကာနိဂုံးချုပ်လိုက်တယ်။ ကြည့်လို့မဝတဲ့ ခန့်ညားလွန်းတဲ့မျက်နှာကို တချက်ငုံ့နမ်းရင်း ကုတင်ပေါ်ကဆင်းကာ ရေအရင်ချိုးလိုက်သည်။

ရေချိူးနေရင်း အပြင်ဘက်မှ ဆူဆူညံညံအသံကြား၍ ရေပန်းကိုပိတ်ကာ အပြင်ကိုနားစွင့်ကြည့်တော့…

"ကလေး ကလေး ဘယ်မှာလဲ "

ကုတင်ပေါ်ကနေ သူ့ကို‌မတွေ့လို့ တကျော်ကျော်အော်ခေါ်နေတဲ့ မုချကိုကို့အသံပါ။ ကြားကာစတော့ အကဲပိုလွန်းတဲ့ကိုကို့ကို စနောက်ချင်စိတ်ဝင်မိပေမယ့်  အစိုးရိမ်ပိုတတ်တဲ့ ချစ်သူကိုဒီ့ထပ်ပိုပြီး ရူးသွပ်အောင်မလုပ်ချင်။

ရေချိုးခန်းဝကနေ ခေါင်းပြူပြီး အသံကိုအနည်းငယ်မြှင့်ကာ

"ကိုကိုရေ ကိုကိုကျွန်တော်ဒီမှာရေချိုးနေတယ် အစောကြီးနိုးနေပြီလား "

ချက်ချင်းဆိုသလိုရေချိုးခန်းဆီ ဒရောသောပါးရောက်ချလာတဲ့ Mewကြောင့် Gulfရင်တမမနဲ့ ခေါင်းယမ်းရုံသာတတ်နိုင်ပါတယ်။

Be Your Boy,You Will Be My Man💓(Completed)Où les histoires vivent. Découvrez maintenant