Part 27

1.3K 144 12
                                    

{Unicode}

စိတ်အလိုမကျစရာ တခုခုတွေ့လိုက်တိုင်းမှာ ဖြစ်ပျက်သွားနေကျ ကျွန်တော့်မျက်နှာအမူအယာကတော့ မျက်ခုံးထူထူနှစ်ခုကို အလယ်မှာစုစေပြီး နဖူးကြောတွေကိုပါ ရှုံ့သွားသည်အထိ ဖေါ်ပြတတ်တာ အကျင့်တစ်ခုလိုဖြစ်နေတော့တယ်။

အဆောင်ပေါက်ဝမှာမတ်တပ်ရပ်ကာ  ဖုန်း screen ပေါ်ကစာတိုလေးကို အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ရင်း စိတ်ရှုပ်ထွေးနေဟန်ရှိသော ကောင်လေးတယောက်ကို အသိစိတ်ပြန်ဝင်သွားစေသော အသံတခု။

"‌Hey Gulf ဘယ်ကပြန်လာတာလဲကွ ငါ့မှာမင်းကို တနေကုန်ကျောင်းမှာလဲ လိုက်ရှာနေရတာ ခုလဲမင်းအခန်းကိုတံခါးခေါက်ကြည့်တာ ပြန်ဖြေသံမကြားရလို့ အဆောင်မှူးကို အခန်းသော့လာတောင်းပြီး ဖွင့်တော့မလို့ "

"ဟေ့ကောင် Boat မင်းစကားတွေကို တစ်လုံးချင်း အသက်ရှူပြီးမှ ပြောလို့မရဘူးလားကွာ နားထောင်ရတဲ့ ငါတောင်မောတယ် နေပါဦး မင်းကဘာကိစ္စ ငါ့ကို အသည်းအသန်လိုက်ရှာနေရတာလဲ "

"အေး ဒီလိုကွ ငါမင်းကို မေးစရာလေးရှိလို့ ဒါပေမယ့် ဒီနေရာမှာတော့ အဆင်မပြေဘူး မင်းငါနဲ့ ဒီနားလေးက Coffee ဆိုင်လေးလိုက်ခဲ့ပါလား ငါဝယ်တိုက်မှာပါကွ "

"တော်ပြီ ငါCoffeeမကြိုက်ဘူး မေးစရာရှိရင်လဲ ဒီနားလေးမှာပဲမေး မဟုတ်ရင် ငါအခန်းပြန်ပြီး နားချင်လှပြီ"

"အေးပါကွာ အေးပါ မေးပါ့မယ် ဒီနားမတ်တပ်ရပ်ပြီး ပြောလို့တော့မကောင်းဘူး ဟိုသစ်ပင်အောက်ကခုံလေးပေါ်ထိတော့ လိုက်ခဲ့ပေးပါကွာနော် ငါ့အတွက်တကယ် အရေးကြီးနေလို့ပါ "

"မင်းကြည့်ရတာလဲ သေရေးရှင်ရေးလိုကို ဖြစ်နေပါ့လား  လိုက်ခဲ့ပါ့မယ်   "

"ကျေးဇူးပဲနော် Gulf "

"မလိုပါဘူး ကဲမေး ဘာမေးမလို့လဲ "

"ဟို အဲ့တာကလေ ငါမေးရမှာ အားလဲနာတယ် ပြီးတော့ ရှက်လဲရှက်တယ်ကွာ "

"ကဲ Boat မင်းရဲ့ ခံစားချက်တွေကို ထိုင်နားထောင်ပေးဖို့ ငါလိုက်လာတာ မဟုတ်ဘူးနော် အားနာရင်လဲမမေးနဲ့တော့ မင်းသဘောပဲ "

Be Your Boy,You Will Be My Man💓(Completed)Tempat cerita menjadi hidup. Temukan sekarang