Part 31

1.4K 154 25
                                    

{Unicode}

အမျိုးအမည်မသိများပြားလှတဲ့ ကျေးငှက်သာရကာ ပေါင်းစုံရဲ့တွန်ကျူးအော်မြည်သံတွေနဲ့အတူ နိုးထလာခဲ့တဲ့  မနက်ခင်းလေးမှာ Mewစိတ်တွေ ကြည်လင်လန်းဆန်းနေတယ်။  ရင်ခွင်ထဲမှာအိပ်မောကျနေတဲ့ ချစ်ရသူရဲ့မျက်နှာမို့မို့ဖောင်းဖောင်းလေးကလဲ ကြည့်လို့ကိုမဝဘူး။ ဆံပင်စုတ်ထောင်းထောင်းနဲ့ သွားရည်စီးချောင်းလေးက နံနက်ခင်းရဲ့အလှကို ဖြည့်စွက်ပေးနေသ‌ယောင်။

¶¶ Mew Suppasit‌ရေ မင်းတော့တကယ်ကို ရူးနေပြီကွ သိရဲ့လား ¶¶

တစ်ယောက်ထဲအတွေးနဲ့သဘောကျရယ်မိရင်း Gulfရဲ့နဖူးက ဆံစလေးတွေကို အသာယာသပ်တင်ပေးပြီး နဖူးကိုအနမ်းဖွဖွလေးခြွေလိုက်မိတယ်။ ဒီလောက်နမ်းရုံလေးနဲ့ နိုးမလာတတ်တဲ့ အကောင်ပေါက်လေးအကြောင်းကို Mewကောင်းကောင်းသိတာပေါ့ ။ သူနိုးအောင်နမ်းရမယ်ဆိုရင်လဲ တမနက်ခင်းလုံးကုန်သွားလောက်တယ်။ဒီလောက်ထိ အအိပ်မက်တဲ့ကလေးလေးရဲ့ နှာခေါင်းချွန်ချွန်လေးကိုလက်ညှိုးနဲ့လက်ခလယ်ကိုကွေးပြီး ညှစ်ဆွဲလိုက်တယ် ။

အိပ်ပုတ်လေးကနိုးမယ်ထင်လား? ထုံးစံအတိုင်းပဲ သူ့ရဲ့မျက်ခုံးထူထူလေးတွေက ‌ကျုံ့သွားပြီး ခဏတာသာ 'အွန်း' 'အဲ'လုပ်ပြီး ပြန်ငြိမ်ကျသွားကာ ဟောက်သံတွေပါ ထွက်လာပြီးဆက်အိပ်နေလေရဲ့။  ဖြစ်နိုင်ရင် Mewတော့ ဒီချစ်မဝလေးကို တနေကုန် ရင်ခွင်ထဲထားပြီး တစိမ့်စိမ့်ကြည့်နေချင်တာ။ သို့ပေမယ့် ခုဟာကအများနဲ့ ခရီးထွက်လာရတာမို့လား။ ဆိုတော့ကိုယ်တွေနှစ်ယောက်ထဲ Romantic sceneကိုရိုက်နေလို့မရသေးဘူး လေ။ မနှိုးရက်ပေမယ့် အချိန်တွေကကုန်မြန်နေတော့ နားနားလေးကပ်ပြီး အသာယာနှိူးလိုက်တယ်။

"ကလေး ကလေး ထတော့နော် "

"အွန်းးးးးး "

နှုတ်ကနေ အွန်းကိုသံရှည်ဆွဲကာ မပွင့်ချင်ပွင့်ချင်နဲ့ ဖွင့်ဟလာတဲ့မျက်လုံးတွေ ။  အိပ်မှုန်စုံမွှားနဲ့ ရင်ခွင်ထဲကနေ မော့ကြည့်လာပြီး ဘာစကားမှမပြောဘဲ တင်းကြပ်စွာဖက်လာသော Gulfကြောင့် Mewအံ့ဩပျော်ရွှင်ရ၏။ 

" ဒီနေ့တောင်ပေါ်တက်ရမှာနော် ကလေးအကြိုက်ဆုံးထဲက တစ်ခုမို့လို့ပျော်တယ်မို့လားဟင် "

Be Your Boy,You Will Be My Man💓(Completed)Donde viven las historias. Descúbrelo ahora