Part 3

1.6K 126 12
                                    

Unicode

Throwback>>>

တီ တီ တီ တီ ....
ထပ်မံပြီးမြည်လာသည့်alarmသံကြောင့်Gulf တစ်ယောက်အတွေးစများပြတ်တောက်သွားရသည်။Phoneကိုကောက်ကိုင်၍ပြုံးလိုက်ပြီး messageတစ်စောင်ပို့လိုက်သည်။

-Morning ပါနော်Pyaeကိုယ်အိပ်ပျော်သွားလို့ sorry-

ကျောင်းသွားဖို့အချိန်ကလဲနီးနေ၍မြန်မြန်ရေချိုးအဝတ်စားလဲကာ Busကားမှတ်တိုင်သို့ထွက်ခဲ့သည်။နောက်နှစ်တော့ ကျောင်းထဲက အဆောင်မှာသာ ပြောင်းနေမှ ဖြစ်တော့မည်ဟု Gulf တွေးမိသည်။

ကျောင်းရောက်တော့ Suတို့majorကcanteenမှာပဲထိုင်ရင်း Suတို့အလာကိုမျှော်နေမိသည်။ သူတို့အလာကိုထိုင်စောင့်‌နေရင်း အတွေးတို့ကတစ်ဖန် <<<

"P'Mew P'Mew"

Gulfအော်ခေါ်လိုက်တော့ P' Mewက မျက်မှောင်ကျုံ့ကြည့်နေပြီး နှုတ်ခမ်းမှလည်းမဲ့ပြုံးတစ်ချက်ပြုံးပြပြီး ကားထဲသို့ဝင်သွားလေသည်။

GULF ကြောင်ပြီးရပ်ကြည့်နေမိသည်။နေ့လည်တွေ့ခဲ့တုန်းက သူ့ကိုဖေါ်ဖေါ်ရွေရွေနှင့် စကား‌ပြောခဲ့တဲ့P' Mewမှဟုတ်ရဲ့လားဟု တွေးနေမိသည်။ ဒီလူကဘာလားပဲ။ သူ့ညီမ‌ရှေ့မှာတော့တမျိုး ခုကျတော့ မျက်နှာကတမျိုး။ စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။

ယောင်္ကျားတန်မဲ့ ခုလိုမျိုး ဗလောင်းဗလဲတတ်တာGulfမကြိုက် ။ ကျွန်တော့်ဘဝမှာဘယ်သူ့ကိုမှစပြီး ဖော်ဖော်ရွေရွေနှုတ်မဆက်တတ်။ ခုလိုမျိုး ကျွန်တော့်ဘက်ကဖေါ်ရွေပြပြန်တော့လဲ လူတွေရဲ့စိတ်ဓါတ်က ကြောက်ဖို့ကောင်းပါလား။

သို့ပေမယ့် ကျွန်တော်လဲ ထိုအချိန်မှစ၍ Pyaeကို ရအောင်လိုက်မည်ဟု တေးမှတ်ထားလိုက်သည်။

Pyaeကလဲကျွန်တော့်ကို စတွေ့တည်းက စိတ်ဝင်စားနေတာ ရိပ်မိတာပေါ့။ ထို့ကြောင့် ကျွန်တော့်ဘက်က အလိုက်ထိုက်လေးနေလိုက်ရုံနဲ့အဆင်ပြေသွားတော့တာပဲ ။ချစ်သူတွေအဆင့်တော့မရောက်သေးဘူးပေါ့ဗျာ။

မနက်တုန်းကalarmကိစ္စကလဲPyaeကိုယ်တိုင်ကျွန်တော့်ဖုန်းကိုလုပ်ပေးထားတာသူ့ကိုမနက်တိုင်းmorningလို့ပို့ပေးရမယ်တဲ့။

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now