Part 8

1.3K 136 8
                                    

{Unicode}

ကျွန်တော်ရဲ့အကြောင်းတွေကို ကျွန်တော်ကိုယ်တိုင် သူတစ်ပါးတွေကို ဖွင့်ပြောဖြစ်လိမ့်မယ်လို့တခါမှ မတွေးမိဘူးပါ။

ခုကျွန်တော် ဒီကလေးတွေကို ပြောပြချင်နေလို့ ကိုယ်တိုင်အသေးစိတ် ပိတ်ကားထက်တွင် ရုပ်ရှင်ပြကွက်များအား ပြန်မြင်နေသယောင် နှင့် အလေးနက်ရှင်းပြမိနေသည်။

ဇာတ်လမ်းအရှည်ကြီးကို ပြန်ပြောင်းပြောခဲ့ပြီး...

ရေတခွက်ကို အဝသောက်ကာ အမောဖြေနေမိသည်။ခုမှသတိထားမိတာ Suရော Gulfရော ကျွန်တော့်ကို မလှုပ်မယှက်ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေကြလေသည်။

ကျွန်တော်ချောင်းတချက် ဟန့်လိုက်မှ သတိဝင်လာကြဟန်တူသည်။

"ow P' တောင်းပန်ပါတယ်နော် ပြီးပြီးသားအတိတ်တွေကိုအကြောင်းမဲ့သက်သက် ပြန်မေးမိတာ ပြီးတော့ အမှန်တိုင်း ဝန်ခံရရင် နည်းနည်းလဲအံ့ဩမိလို့ပါ"

Gulfဆီကတော့ ဘာစကားသံမှ ထွက်မလာခဲ့ပါ။ဒီကောင်လေး ကျွန်တော့်ကိုများ အထင်သေးသွားပြီလား?ဒါမှမဟုတ် သူ့စိတ်ထဲ ဘာတွေများတွေးနေတာလဲ? ကျွန်တော် ပြောလိုက်မိတာများမှားသွားပြီလား?

ကျွန်တော့် အတိတ်ကြောင်းကိုသိရင် ပိုပြီးများရင်းနှီးမှုတွေရလာမလားဆိုတဲ့ မိုက်ရူးရဲဆန်တဲ့ အတွေးတွေက တကယ်ပဲမှားသွားပြီလား။ဒီလိုမှန်းသိမပြောခဲ့ပါဘူးကွာ။

သည်လိုနှင့် ကျွန်တော်တို့ထမင်းဝိုင်းလေးက ခေတ္တခဏတော့ တိတ်ဆိတ်သွားသည်။ထိုတိတ်ဆိတ်မှု့တွေကို ဖြိုခွင်းလိုက်သူက ညီမလေး

"ကဲ ကဲ ကဲ လက်ရှိကိုပြန်လာကြစို့ ဟင်းတွေကမွှေးလို့ ထည့်စား‌ေလကိုကို  ဒီမှာGulf အတွက် Pyaeမှာပေးထားတာနော် Suဆီကနေ Gulfဘာတွေကြိုက်တတ်လဲမေးပြီး မှတ်ထားတာ"

" ဟုတ် ဟုတ် ကျေးဇူးပါနော် Pyae"

ထိုအချိန်မှ စ၍ကောင်လေးက ကျွန်တော့်မျက်နှာကိုလုံးဝမကြည့်တော့ဘဲ ထမင်းကိုသာ အသည်းအသန် ငုံ့စားနေတော့သည်။မစားချင်ဘဲ အတင်းထိုးသွတ်စားနေရ၍ ထမင်းတွေပါသီးကုန်သည်။

Be Your Boy,You Will Be My Man💓(Completed)Dove le storie prendono vita. Scoprilo ora