Part 52

951 72 2
                                    

{Unicode}

အခန်းတံခါးဖွင့်ပြီး အသံပိုင်ရှင်ကိုရန်ပြုမယ် ပြင်နေသော Mewမှာပါးစပ်အဟောင်းသားဖြစ်သွားရသည်။ မဖြစ်ရိုးလား၊ 'ကိုကို'လို့ တကြော်ကြော်အော်ရင်း တိတ်ဆိတ်နေတဲ့Resortတစ်ခုလုံးကို နှောင့်ယှက်လိုက်တာက သူ့ကောင်လေးလေ။

ဟုတ်တယ်၊ Gulf Kanawutအစစ်ပဲ..

"ကိုကို ဘာကြောင်ကြည့်နေတာလဲ လာအထဲကိုဝင်ရအောင် "

အခန်းရှေ့ကို  တဇွတ်ထိုးရောက်ချလာပြီး ခုလဲMewလက်တဖက်ကို ဆွဲကာ အခန်းထဲအတင်းဆွဲသွင်းနေတဲ့ ကောင်လေး။ သူဘာဖြစ်လာပါလိမ့်?

"ကိုကို ကျွန်တော်ခု ဘာလို့လာတာလဲသိလား "

ကောင်းကြရော......

"သိဘူးလေ "

အိပ်မှုန်စုံမွှားဖြစ်နေရုံသာမက 'ကိုကို'လို့ပါ ပြန်ပြီးအခေါ်ခံနေရတော့ ကျွန်တော့်မှာ ကြောင်တောင်တောင်ရယ်...  သို့ပေမယ့်လဲ မသိစိတ်က ပျော်လွန်းလို့ ထခုန်မိမတတ်ပါပဲ ။

"ကိုကိုကတော့ဗျာ .......ထားတော့ဒီနေ့ကျွန်တော်စိတ်ကြည်နေလို့ ကိုကို့ကို စိတ်မဆိုးချင်တော့ဘူး "

"အွန်း "

"ဘာကိုအွန်းတာလဲ  ဟိတ်လူကျွန်တော်တကယ် တင်းမိတော့မယ်နော် "

"မဟုတ်ဘူး ကိုကိုရှင်းပြမယ် မနေ့ညကလေကိုကိုတညလုံးနီးပါးအိပ်မပျော်ဘူး လင်းခါနီးလေးမှ အိပ်ပျော်သွားတော့ ခေါင်းနည်းနည်းနောက်နေလို့ပါကွာ ဒါနဲ့ကလေးကအစောကြီးပဲ ကိုကို့ကို ဘာပြောစရာရှိလို့လဲ တော်ကြာMaeက .....
"

"အဲ့ဒီအကြောင်းကို လာပြောပြတာပဲ ကိုကိုက မအူမလည် အူတိအူချာ နုံတုံတုံ လုပ်နေတာကိုးလို့ ..."

အဟား! စိတ်မဆိုးတော့ဘူးလို့ တင်းခံထားတဲ့ ကောင်လေး စိတ်ကောက်သွားပြီနဲ့တူရဲ့။ တကယ့်ကလေးလေးပါဆို။

"Ok Okကိုကိုခုစိတ်ပြန်ကြည်လာပြီ မအူမလည် အူတိအူချာ နုံတုံတုံမလုပ်တော့ဘူးနော် ကလေးပြောချင်တာကို သေချာလေးပြောပြပေး ...."

ထူပြည့်ပြည့် နှုတ်ခမ်းလေးက ရှေ့ကို(၄)စင်တီမီတာလောက် ဆူထွက်နေပြီ။ တကယ်ကြီး စိတ်ကောက်နေပြီပေါ့။ အားယား အူယားဖို့ကောင်းလိုက်တာ။ ကောင်လေးစိတ်သာဆိုးမနေဘူးဆိုရင်လေ  ကျွန်တော်တကယ် ပစ်မှားမိတော့မှာ....

Be Your Boy,You Will Be My Man💓(Completed)Où les histoires vivent. Découvrez maintenant