Part 33

1.4K 151 20
                                    

{Unicode}

" ဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲဟင်  ကိုကိုတော့ပိုပိုပြီးချစ်လို့မဝဖြစ်နေပြီကွာ "

အဆောင်ကနေထွက်လာတည်းကတချိန်လုံးမနားတမ်း ကျွန်တော့်ကိုချစ်ဖို့ကောင်းတယ်လို့ပြောနေတာ နည်းနည်းလေးမှကိုမရပ်တန့်တော့ ။  ကားကိုလက်တစ်ဖက်တည်းနဲ့မောင်းပြီး ကျန်တဖက်နဲ့ ကျွန်တော့်ပါးကိုစိတ်ရှိတိုင်းညှစ်ဆွဲနေတာက ပါးတစ်ခြမ်းကိုအကောင်ကိုက်ခံရသလို ရဲတွတ်လာ‌၏ ။ ဒီလူ့ကိုဒီတိုင်းလွှတ်ထားလို့တော့မဖြစ်တော့ဘူး ။စိတ်လှုပ်ရှားနေလို့ သူလုပ်သမျှကိုမသိချင်ယောင်ဆောင်ပြီး ငြိမ်ငြိမ်လေးနေနေတာကို အဟုတ်မှတ်ပြီးရောင့်တက်လာတာများနေပြီရယ် ။ Gulf Kanawutဆိုတဲ့ သူ့ချစ်သူ'ငစွာလေး'အကြောင်းကို တကယ်ပဲမေ့လျော့နေသလား??

"ကျွန်တော်ချစ်ဖို့ကောင်းတာကိုခုမှသိတာလား ပါးတစ်ခြမ်းလုံးလဲညှစ်ဆွဲနေတာ မပြောချင်လို့ကြည့်နေတာကိုအကောင်းမှတ်မနေနဲ့  ခုအိမ်ကရောက်ခါနီးပြီလား "

"ချစ်ဖို့ကောင်းမှန်းစတွေ့ထဲကသိတယ် ဒီနေ့မှပိုပိုပြီး ပိုပြီးပိုပြီးအရမ်းတွေချစ်ဖို့ကောင်းနေလို့ အူယားပြီးညှစ်ဆွဲမိတာနော် စိတ်မဆိုးပါနဲ့ချစ်လေးကလဲနော် နော် အိမ်ကရောက်တော့မှာ ဘာလဲယောက္ခမကြီးနဲ့ကတွေ့ချင်လှပြီလား "

လှုပ်ရှားနေတဲ့စိတ်တွေကို ပိုပြီးမတည်ငြိမ်အောင်လုပ်နေပါရော့လား ။  စိတ်ပဲဆိုးလိုက်ရမလား??အူယားအောင်တနော်နော်နဲ့လာလုပ်ပြနေတဲ့ နှုတ်ခမ်းလေးကိုပဲဆွဲမွလိုက်ရမလား? Gulfဝေခွဲလို့မရတော့ဘူး….

"တကယ်ပဲအဲ့လောက်ကြီးထိတောင်လား "

"အင်းအဲ့ဒီထပ်ပိုတယ် တကယ်ဒီနေ့ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေလဲဆိုရင် ကလေးကိုကြည့်လိုက်တိုင်းကိုကို့ရင်တွေအရမ်းခုန်နေတာကိုပဲကြည့် မယုံရင်စမ်းကြည့်လိုက် "

ကျွန်တော့်လက်တစ်ဖက်ကို အတင်းဆွဲယူပြီး သူ့ရဲ့ဘယ်ဘက်ခြမ်းရင်အုံပေါ်သို့ ဖွဖွလေးတင်ပေး‌ရင်း ရင်ခုန်သံကိုထိတွေ့ခံစားခိုင်းနေပုံလေးကအသဲယားစရာ ။ အဟုတ်ပါပဲ ကိုကို့ရင်ခုန်သံတွေက ဘင်ခရာတီးဝိုင်းရဲ့Keyအမြင့်ဆုံးနေရာကိုတီးခတ်နေသလို တဒုန်းဒုန်းနဲ့စည်းချက်မှန်မှန်ခုန်နေခဲ့တာ ။ 

Be Your Boy,You Will Be My Man💓(Completed)Onde histórias criam vida. Descubra agora