Part 50

937 68 3
                                    


{Unicode}

မုန်တိုင်းပြီးရင် သာယာတဲ့ဝန်းကျင်ကို ပြန်တွေ့ရစမြဲဆိုတာ အမှန်ပါပဲ။ သူ့နေရာနဲ့သူ အသားကျဖို့ ကြိုးစားနေရတာကလွဲရင် ပတ်ဝန်းကျင်က သာယာမှု့အတိ။  ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေနေကလဲ မုန်တိုင်းပြီးစ ဥတုလို အလုံးစုံမပြီးပြတ်သေးပေမယ့် အရင်ကလောက်အကျည်းမတန်တော့ပါ။

"ဟိတ်လူ ကျွန်တော်ပြောနေတာ ကြားလား "

"Sorry ကိုကိုနည်းနည်းအတွေးလွန်သွားလို့ ဘာပြောလိုက်တာလဲဟင် "

"Condoကို ကျွန်တော်လက်မခံချင်ဘူးလို့ အားနာတယ်ဗျ "

"ခုချိန်ထိအဲ့ဒီအားနာတဲ့ စိတ်ကြီးကိုဖျောက်လို့မရသေးဘူးလားကွာ ဒီညနေပဲ condoကိုပြောင်းရတော့မယ့်ဟာ "

"အဲ့တာကလဲ ခင်ဗျားကပြောမရလို့လေ အလကားသက်သက်လူကြီးကို ဒုက္ခသွားပေးတယ် ကျွန်တော်ကဘယ်လိုစိတ်နဲ့လက်ခံရမှာလဲဗျ "

"ကိုကို့အပေါ်ချစ်တဲ့စိတ်တွေနဲ့ လက်ခံလိုက်‌ မေမေကဘာစိတ်နဲ့မှမဟုတ်ဘူး ဒီတိုင်းကလေးအတွက်ဝယ်ပေးတာမို့ စိတ်သန့်သန့်နဲ့ လက်ခံလိုက်ပါလားနော် တိုက်ခန်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ပါနဲ့တော့ကလေးရာ "

ကျွန်တော်တို့နှစ်ယောက် ပြေလည်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ မေမေကGulfကို တိုက်ခန်းတစ်ခန်းဝယ်ပေးခဲ့တယ်။ ကျွန်တော့်ကို နားလည်မှု့အပြည့်နဲ့ ပြန်ပြီးလက်ခံပေးခဲ့တဲ့ သမက်လောင်းကို ကျေးဇူးဆပ်ချင်တာလဲ ပါတာပေါ့လေ။ ညနေရောက်ရင် တိုက်ခန်းကိုကျွန်တော်ရောGulfပါ ပြောင်းနေတော့မှာ။ ဒါကိုခုထိအားနာလို့က မပြီးနိုင်သေးဘူး။ Gulf Kanawutက တကယ့်ဟာလေးပါဆို။

"ခင်ဗျားကတော့ဗျာ ..."

စားလက်စမုန့်ကိုအပြီးသတ်ရင်း ရေနဲ့အတင်းမျှောချနေတဲ့ ကျွန်တော့်ရှေ့ကကောင်လေးက ရှက်နေတာတဲ့လေ။ ဟုတ်ပါသည်။ Gulfနဲ့ကျွန်တော်ပြန်ပြီး ပြေလည်ခဲ့ချိန်ကစလို့ ဒီကောင်လေးအရင်ကလို မဟုတ်တော့ဘူး။ သူ့ကို ချစ်တယ်လို့ပြောလိုက်ရင်ကို ရှက်နေတတ်တာမျိုး၊ အရင်လိုအကြမ်းဗတမ်း ပွေ့ဖက်လို့လဲမရတော့၊ နူးနူးညံ့ညံ့နဲ့ဖြေရှင်းပြီး ပြေလည်အောင်လုပ်ယူနေရတယ်။

Be Your Boy,You Will Be My Man💓(Completed)Où les histoires vivent. Découvrez maintenant