Part 18

1.4K 143 4
                                    

{Unicode}

ရုတ်တရက်အနောက်မှ လက်ကို ဖမ်းဆုပ်ကိုင်ခံလိုက်ရသောကြောင့် လူကအရှိန်မထိန်းနိုင်ဘဲ
ပက်လက်လန်ကာ လဲကျသွားရသည်။

မြေကြီးပေါ်သို့လဲကျမသွားဘဲ အနောက်ကနေစီးဖမ်းပြီး ပွေ့ဖက်တာခံလိုက်ရသည် ဒီအနံ့ ဒီအထိအတွေ့တွေကို ရင်းနှီးနေသည် မူးနေပေမယ့် အရမ်းရင်းနှီးခဲ့သည့် အထိအတွေ့တွေကို တော့ မှတ်မိနေသေးသည်။

"ကလေး အရက်တွေသောက်ထားတာလားဟင် ဘာလို့လျှောက်လုပ်နေတာလဲကွာ"

ဒီကမ္ဘာမှာ ကျွန်တော့်ကို 'ကလေး'လို့ ခေါ်တာ တစ်ဦးတည်းသာရှိသည် ကျွန်တော့်ရဲ့ချစ်ရသောကိုကိုပေါ့။

ကိုကို့အသံကြားတော့ နှလုံးသွေးတွေက ကပြောင်းကပြန်ဖြစ်ကုန်တော့သည် ။
စတွေ့တုန်းကလို ရင်တွေပါ ခုန်လာခဲ့တာ
လူက ‌အမူးပါပြေချင်ချင်ဖြစ်သွားပြီး
နောက်မှ မနည်းအသိစိတ်ပြန်ကပ်ကာ

ရင်ခွင်ထဲမှ အတင်းရုန်းထွက်ရင်း

"ဖယ်စမ်းပါ ခင်ဗျား ကျုပ်ကို ဘယ်တော့မှ အဲ့လိုလာမခေါ်နဲ့ ခင်ဗျားလက်ညစ်ပတ်တွေနဲ့ ကျုပ်ကိုလာမဖက်နဲ့ ကျုပ်ဘာသာ အရက်သောက်ရုံမကလို့ အဆိပ်ပဲသောက်သောက် ခင်ဗျား သောက်ပူမပါဘူး ရှင်းလား"

ကျွန်တော် ခင်ဗျားကိုဒီ့ထက်ပိုပြောပစ်ချင်တာ
ဒါပေမယ့် ရင်ထဲမှာ မွန်းကြပ်ပြီး တခုခုကတင်းခံထားသလိုပဲ စကားလုံးတွေက ထင်သလောက်ထွက်ကျမလာခဲ့ဘူး အသုံးမကျတဲ့ မျက်ရည်တွေ ထွက်ကျမလာမိအောင် ထိန်းရတာက အလုပ်တခု

"ပြောပါကလေးရာ ကိုကို့ကို မင်းကြိုက်သလိုပြောပါ ကိုကို့ပါးကိုရိုက်ဦးမလား ရိုက်လိုက်စမ်းပါ"

ပြောရင်းကျွန်တော့်လက်ကို အတင်းဆုပ်ကိုင်လိုက်တော့

'"အားးး"

"ဟင် ကလေးလက်က ဒဏ်ရာတွေနဲ့ပါလား ဘာဖြစ်လာတာလဲဟင် ဘယ်သူတွေက ကလေးကိုဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ ပြောစမ်းပါကိုကို့ကို"

"ဘာမှမဖြစ်ဘူးကျုပ်ကိုလွှတ် ခုမှလာပြီးဂရုစိုက်မနေနဲ့ ခင်ဗျားမိန်းမဆီ သွားသေလိုက်"

Be Your Boy,You Will Be My Man💓(Completed)Donde viven las historias. Descúbrelo ahora