Part 49

1.5K 138 17
                                    

{Unicode}

ပိတ်ရက်တွေတိုင်းအပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေတဲ့ ကျွန်တော့်ကို မေမေကသတိထားမိတော့ စိတ်ပြေလက်ပျောက်အလည်ထွက်ဖို့ တိုက်တွန်းလာတယ်။ အရင်ကပိတ်ရက်တွေဆို Gulfနဲ့ လျှောက်လည်နေရလို့ အချိန်ဘယ်လိုကုန်ဆုံးသွားမှန်းမသိခဲ့ရ။

ခုတော့ ကျွန်တော်တစ်ယောက်တည်း ပိတ်ရက်က ပျင်းရိဖွယ်ကောင်းအောင် ရှည်လျားလွန်းပါတယ်။ ဒါ့ကြောင့်  Gulfအကြောင်းကို ခဏလေးပဲဖြစ်ဖြစ် မတွေးမိအောင် အပြင်ထွက်ချင်စိတ်မရှိလဲ အားယူပြီး မြို့ထဲကိုကားမောင်းထွက်ခဲ့တယ်။

ပိတ်ရက်မို့လားမသိ ၊ မနက်အစောကြီးရှိသေး  စားသောက်ဆိုင်တိုင်းလိုလိုက လူအပြည့်နဲ့၊ ချောင်ကျကျဝိုင်းလေးမှာ Mewနေရာယူရင်း စားပွဲထိုးလေးကို....

"ဘာပဲရရ ပင်စိမ်းပါရင်ပြီးရော၊နွားနို့တစ်ခွက်နဲ့  မြန်မြန်လေးလုပ်ပေးပါ "

စားပွဲထိုးလေးက ကျွန်တော့်ကိုကြည့်ပြီး တစ်ချက်ကြောင်သွားတယ်။ ခဏနေတော့ ပင်စိမ်းနံ့သင်းနေတဲ့ ထမင်းကြော်တစ်ပွဲနဲ့ နွားနို့တစ်ခွက်ရောက်လာတယ်။  ထမင်းကြော်ပန်းကန်ကို မစားသေးဘဲအချိန်တော်ကြာတဲ့ထိ ငေးကြည့်ရင်း ပင်စိမ်းရွက်ရဲ့အနံ့ကို ခုမှရဖူးသလို တမေ့တမောရှုရှိုက်နေမိတယ်။


သူ့လုပ်ရပ်ကို ဘေးကထိုင်ကြည့်မိရင် သေချာပေါက်ဒီကောင်လေး ရူးနေတာလို့ သမုတ်ကြမှာမလွဲပဲ။ တော်သေးတာက လူတိုင်းကသူတို့ရဲ့ဟာနေတဲ့  ဝမ်းကိုဖြည့်ဖို့ကိုသာ အာရုံရှိနေတာမို့ Mewရဲ့ကြောင်တောင်တောင်နိုင်တဲ့ လုပ်ရပ်ကိုဘယ်သူမှသတိမထားမိကြ။


ကောင်လေးကြိုက်တတ်တဲ့ ပင်စိမ်းနံ့သင်းနေတဲ့ ထမင်းကြော်ကို စားရင်းသတိရစိတ်တွေက ရင်နဲ့မဆံ့အောင် ပြည့်လျှံလာခဲ့တယ်။ မစားဘဲအလိုလိုပြည့်သွားတဲ့ဗိုက်ကို နွားနို့တစ်ခွက်နဲ့မျှောချရင်း ဆိုင်ထဲကနေMewအမြန်ဆုံး ထွက်ခဲ့တော့တယ်။

ဘာမဟုတ်တဲ့ တိုက်ဆိုင်မှု့ သေးသေးလေးကအစ မသိချင်ယောင်မဆောင်နိုင်ဘဲ မင်းကိုသတိရနေမိတယ်ကလေး.. ကိုယ့်လိုပဲ မင်းရောသတိရနေမှာလား?? ဟင့်အင်း မရရဘူး မင်းကိုယ့်ကို သတိရနေလို့မဖြစ်ဘူးနော်၊ မင်းရဲ့ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိတဲ့လုပ်ရပ်တွေနဲ့ပဲ ကုန်ဆုံးပြီး ရှင်သန်သွားမှဖြစ်မှာ၊ဒါမှကိုကိုက  မင်းကိုစိတ်ချပြီးနေနိုင်မှာ။


Be Your Boy,You Will Be My Man💓(Completed)Hikayelerin yaşadığı yer. Şimdi keşfedin