Part 4

1.4K 121 10
                                    

Unicode

ကျွန်တော် ရေချိုးနေရင်း messageများလာမလားဆိုပြီး စိတ်မဖြောင့်နိုင်ဖြစ်နေသည်။

ခါတိုင်းmessageပို့လျှင်လဲ Pyaeကဘာမှပြန်ပို့‌လေ့မရှိတာသိပေမယ့် ဒီနေ့မှစာများပြန်‌ လေမလား မျှော်နေမိသည်။

ဟုတ်တယ်P'Mewအကြောင်းကိုကျွန်တော်သိချင်နေတာ မေးလဲမေးချင်ပေမယ့် သူများpersonal caseဖြစ်နေတာကတကြောင်း ခင်တာကလဲရက်ပိုင်းပဲရှိသေးတာကြောင့် မမေးရဲခဲ့ပါ။

အဲ့တာဆို လုပ်ရမှာတစ်ခုထဲ ရေမြန်မြန်ချိုးပြီး ကျောင်းကိုအမြန်ဆုံးနည်းနဲ့ ရောက်အောင်သွားရမည်။

အလျင်လိုနေမှbusကလဲစောင့်လိုက်ရတာ ။
ကျောင်းသွားတဲ့လမ်းကလဲ ဒီနေ့မှ မိုင်တိုင်တွေပိုဝေးနေသလိုပဲ။

ကျွန်တော်ကျောင်းတက်နေတာ တစ်ပတ်ကျော်ပြီ။ဒီနေ့မှကျောင်းလာရတာပိုပျော်ပြီး ပိုပြီး အဓိပ္ပာယ် ရှိနေသလိုပဲဗျာ။ ပိုပြီးလဲစိတ်လှုပ်ရှားနေမိတယ် ။အဲ့တာဘာကြောင့်လဲ?

အရင်ဆုံး Suကိုရှာရမယ်။သူကဘာမဆိုအကုန်သိတယ်။နယ်မှာဆိုလဲ ရွာလူကြီးကသာ ကိစ္စအကုန်လုံးမသိတာရှိချင်ရှိမယ် ။ သူကတော့ ဘယ်အိမ်ကခွေးမကြီးကလေးကျနေပြီဆိုတာက စသိတယ်။

"Su;;;;;"

" အမလေးGulfရဲ့ဘယ်လိုတွေတောင်ခေါ်နေတာလဲ ငါနားမကန်းပါဘူးဟဲ့ သူများတွေကြည့်ကုန်ပြီနင်ဟာလေ ငါ့ကိုတွေ့တာအဲ့လောက်တောင်ဝမ်းသာနေတာလားသူငယ်ချင်းရယ် ငါကြွေမိတော့မယ် "

"သေလိုက်ပါ့လားလို့ sorryဟီး
ဒါနဲ့နင်Pyaeတို့နဲ့တွေ့ပြီးပြီလား သူတို့ကျောင်းလာကြပြီလားဟင်"

"Gulfရယ် နင်Pyaeကိုအဲ့လောက်ကြိုက်နေရင်လဲ ဖွင့်ပြောလိုက်ပါတော့လားဟဲ့ Pyaeကလဲနင့်ကိုစိတ်ဝင်စားနေတာအသိသာကြီးကို"

"အာ နင်ကလဲ.....ငါက ခု ......မှ......တွေ့ရတဲ့လူကို ဘယ်..လို...လုပ်ပြီး.....ဖွင့်.ပြောရမှာလဲဟ"

"Gulfနင်နေမကောင်းဖြစ်နေတာလားဟင် စကားတွေလဲထစ်လို့ ဘာဖြစ်နေတာလဲ အေးပါနင်ဖွင့်မပြောရဲလဲငါကူပြောပေးပါ့မယ် စိတ်ချငါ့ကိုသာယုံလိုက် ငါသွားပြီဟေ့ အတန်းချိန်နောက်ကျမှာဆိုးလို့bye."

Be Your Boy,You Will Be My Man💓(Completed)Tahanan ng mga kuwento. Tumuklas ngayon