Part 43

1.1K 134 24
                                    

{Unicode}

"သားငယ်လေး အစောကြီးရှိသေးတာပြန်လာပြီလား "

"ဟုတ်Mae ဒီမှာဧည့်သည်လဲပါလာလို့ "

" ဟုတ်လား ဘယ်သူများလဲ  သားအသိလား "

"ဟုတ် သားသူငယ်ချင်းရဲ့အကိုလေ ဒီကိုအလည်လာတာတဲ့  အဲ့တာသားတို့Resortကိုရှာရင်း သားဘောလုံးကန်နေတာနဲ့ တွေ့လို့တခါထဲခေါ်လာခဲ့တာ Mae "

"သားသူငယ်ချင်းအကိုလား ဒါဆိုအိမ်မှာပဲတည်းချင်တည်းလေ ဒါနဲ့သားနာမည်က…. "

"ဟုတ်မင်္ဂလာပါ အန်တီကျွန်တော့်နာမည်Mewပါခင်ဗျ  ခုလိုပြောတာကိုပဲ  ကျေးဇူးတင်လှပါပြီ ကျွန်တော်ဒီResortမှာပဲ အခန်းယူလိုက်ပါ့မယ်ခင်ဗျ "

ဘာပြောတယ်၊ Resortမှာပဲ နေမယ်ဟုတ်လား?? ‌Maeကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ အိမ်မှာလိုက်နေခိုင်းတာကို ခင်ဗျားကဘာသဘောလဲ??

"Gulf ဘာတွေငေးနေတာလဲ သားသူငယ်ချင်းရဲ့အကိုကို နေရမယ့်အခန်း လိုက်ပြပေးလိုက်လေ  ရော့အခန်းသော့ ပြီးရင် ဧည့်သည်ကို အိမ်အလည်ခေါ်ခဲ့ဦးနော်ကြားလား  "

"ဟုတ် "

ဒီလူ့ကို ကျွန်တော်စိတ်ဆိုးရမလား။ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ ဒီထိအရောက်လာခဲ့‌ပေးလို့  ပျော်ပေမယ့်လဲ ကျွန်တော်နဲ့အတူတူတခန်းထဲ နေရမယ့်အခွင့်အရေးကို လက်မခံလို့
စိတ်ကတိုရပြန်ရော။ ဒီလူတကယ်ပဲဘာဖြစ်ချင်နေတာလဲ?

"ရောက်ပြီ ဒီမှာအခန်းသော့  "

အခန်းသော့ကို  Mewလက်ထဲဆောင့်အောင့်ထည့်ပေးပြီး  Gulfနေရာကနေ ပြန်မယ်လုပ်တော့ ….

"ဒါကဘာဖြစ်ရတာလဲ  မရဘူးနော် အခန်းထဲထိလိုက်ပို့ မဟုတ်ရင် အန်တီနဲ့တိုင်ပြောပစ်မယ် "

လက်ကဆွဲထားတဲ့  အထုတ်တွေကို အခန်းပေါက်ဝမှာ သေချာချထားခဲ့ပြီး  အခန်းထဲအရင်ဝင်သွားတဲ့ကိုကို။  စိတ်‌ရှိတိုင်းသာဆို သူချထားခဲ့တဲ့ အထုတ်တွေနဲ့သာ ကောက်ပေါက်လိုက်ချင်တော့တယ်။

အတွေးကနောက်မှ လက်ထဲကကိုင်ထားတဲ့အထုတ်တွေနဲ့ ကိုကို့နောက်ကျောကို မျက်နှာရူးပြီးရွယ်မိတော့ အရှိန်မထိန်းနိုင်ဘဲ တကယ်ကြီးကိုကို့ကို သွားမှန်ပါလေရော။ သွားပြီ !

Be Your Boy,You Will Be My Man💓(Completed)Donde viven las historias. Descúbrelo ahora