{Unicode}
Boat အခန်းထဲကို (၃)ယောက်သား ဝင်ခဲ့ကြမှ
စာကြည့်စားပွဲတွင် ကျောက်ရုပ်သဖွယ် ငုတ်တုတ်ထိုင်ရင်း မလှုပ်မယှက် စာကျက်နေသော Boatရဲ့အခန်းဖေါ်ကို တွေ့လိုက်ရသည်။"ဟုတ်သားပဲ Boat မင်းမှာ အခန်းဖေါ်ရှိတာ ငါမေ့နေတယ် လာကွာ ငါ့အခန်းထဲ သွားသောက်မယ် ငါကတယောက်တည်းနေတာ"
"ဟေး ဖြစ်ပါ့မလားGulf မင်းကမင်းအခန်းကို သူများလာရှုပ်တာမကြိုက်လို့မှ သီးသန့်နေတာလေ ပြီးတော့ခုမင်းလိုက်ဖို့ခေါ်နေတာက Boatကိုနော် မင်းဖြစ်ပါ့မလား"
ဟုတ်ပါတယ် ရှုပ်ရှုပ်ယှက်ယှက် မကြိုက်၍ နှစ်ယောက်စာပေးပြီး တယောက်ထဲ သီးသန့်နေလာခဲ့တာပါ။Mildကတောင်ကျွန်တော်် အနှောင့်အယှက်ဖြစ်မှာ ဆိုး၍ အလိုက်တသိ နဲ့ အဆောင်ကို လာမလည်ခဲ့တာ။ခုကျွန်တော်ကိုယ်တိုင်က Boat လိုငရှုပ်ကောင်ကို အခန်းထဲ လိုက်ခဲ့ဖို့ ကြည်ကြည်ဖြူဖြူခေါ်နေ၍ Mildတယောက် အံ့ဩနေတာ မဆန်းပါ။
"အေးရတယ် လိုက်ခဲ့ကြ ဒီနေ့အတွက် အထူးပေါ့ကွာ"
ခေါင်းကိုကုတ်လိုက် ရမ်းလိုက်နှင့် တယောက်ထဲ အလုပ်ရှုပ်နေသော Mild ကို လျစ်လျူရှုခဲ့ပြီး ကျွန်တော့်အခန်းထဲကို ဦးဆောင်ပြီး ဝင်ခဲ့တော့သည်။ Boat ကတော့ အလွန်အူမြူးစွာဖြင့် ဘယ်အချိန်ထဲက သိမ်းထားမှန်းမသိသည့် Beer ဘူးမြောက်မြားစွာကိုလဲ မနိုင်မနင်း သယ်လာခဲ့တော့သည်။
အခန်းထဲ ရောက်တော့ စားပွဲဆီသို့ ရောက်အောင် ကို ခြေလှမ်းတွေက မလှမ်းနိုင်တော့။ ကုတင်ခြေရင်းတွင်သာ ငုတ်တုတ်ထိုင်ရင်း ဝယ်လာခဲ့သည့် ပစ္စည်းထုတ်ကိုလဲ ဘေးနားတွင်သာ ပစ်ချထားလိုက်တော့၏။
နဖူးပေါ်တွင် ရှုပ်ပွစွာ ကျနေသော ဆံပင်များကို လက်တဖက်ဖြင့် သပ်တင်လိုက်ရင်း သက်ပြင်းမောတချက်ကို မှုတ်ထုတ်လိုက်တော့
"ဘယ်လိုလဲ ငါ့ကောင်ကြီးရ မင်း သိသိသာသာမျက်နှာ ပျက်သွားတာကို ခုမှပဲ မြင်ဖူးတော့တယ်
မင်းထင်သလို ဟုတ်ချင်မှလဲ ဟုတ်မှာပါကွာ"ဘေးနားတွင် လာထိုင်ရင်း ကျွန်တော့်ပုခုံးပေါ်လက်တင်ကာ နှစ်သိမ့်ပေးနေသော Mild ကို မချိပြုံးတချက်ပြုံးပြလိုက်တယ်။ Boat ကတော့ လူစုံတက်စုံ သောက်ရစားရတော့မည် ဆိုတာနဲ့တင် ပျော်နေပြီး တယောက်ထဲ မမောနိုင်မပန်းနိုင် ပြင်ဆင်နေတော့ ကျွန်တော်တို့စကားတွေကို အမှု့မထားမိပါ။
KAMU SEDANG MEMBACA
Be Your Boy,You Will Be My Man💓(Completed)
Fiksi Penggemarအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...