Part 6

1.4K 112 2
                                    

{Unicode}

မျှော်လင့်တကြီးနှင့် ဖုန်းကိုပြေးကြည့်မိတော့

                 *သတိရနေခဲ့တာ*

Message‌က တိုတိုရှင်းရှင်းလေးပါ။
သို့ပေမယ့် အဓိပ္ပာယ်တွေကအများကြီးပါနေသည်။

Pyaeထံမှ မျှော်လင့်မထားသော ပြန်စာကိုရတော့ ကျွန်တော့်စိတ်တွေ ပိုမိုယောက်ယက် ခတ်ကုန်တော့သည်။ မဖြစ်တော့ဘူး ဒီပြဿနာကိုအဖြေရှာမှ ဖြစ်တော့မည်။ကြာရင် ကျွန်တော်တကယ်ယဉ်ယဉ်လေးနဲ့ ရူးသွားတော့မှာ.....

သည်လိုနှင့် P' Mew တို့နဲ့မတွေ့တာ (၃)‌ရက်တောင်ရှိသွားခဲ့ပြီ။အဲ့ဒီ (၃)ရက်လုံး ကျွန်တော် ယောင်ချာချာကြီး ဖြစ်နေခဲ့တာ။ဟိုညကလို အိပ်မက်ကိုသာ တပုံစံထဲ   ထပ်ခါတလဲလဲ မက်နေခဲ့တော့ လူက ဂျုံးဂျုံးကျနေပြီ။

Suနဲ့Mild တို့ ကြာလျှင်ရိပ်မိတော့မှာဆိုး၍ ခေါင်းကိုက်လို့ဆိုသည့် အကြောင်းပြချက်နှင့် ကျွန်တော် သည်နေ့ကျောင်းသို့မသွားခဲ့ပါ။အဆောင်ပြင်သို့လဲ မထွက်ဘဲ တနေကုန်အခန်း အောင်းကာ စီးကရက်များကိုသာ အညှိုးတကြီးနဲ့ ဖိသောက်နေမိတော့သည်။ 

မနက်ဖြန်တော့ အပြင်ထွက်ကာ စီးကရက်ဗူးသွားဝယ်ရမည် ဟု တွေးမိတော့...

ဟုတ်သားပဲ မနက်ဖြန်ဆိုမှ။ မနက်ဖြန်ပိတ်ရက်လေ အဲ့တော့ ရုပ်ရှင်သွားကြည့်ရမယ့်နေ့ပဲ။

ညှိုးကျနေသည့် ကျွန်တော့်မျက်နှာက နေကြာပန်းလေး နေရောင်နှင့်ထိတွေ့လိုက်ရသလို ချက်ချင်းဝင်းပ လန်းဆန်းလာသည်။

မဖြစ်သေးဘူး ဒီပုံစံကြီးနဲ့ ။ကျွန်တော့်ကိုယ်ကျွန်တော် မှန်ထဲသေချာပြန်ကြည့်မိတော့ 
‌ တော်တော်လေးကို အိုစာနေသည်။
ကြည့်ပါဦး မျက်နှာမှာ အဖုတွေထွက်ပြီး ညစ်တစ်တစ်ဖြစ်နေပြီ။ အိပ်ပျက်ညတွေများပြီး စီးကရက်တွေရဲ့ ဒဏ်ကြောင့် လူကနေ့ချင်းဆိုသလို အိုစာသွားခဲ့ပုံပဲ။

မဖြစ်ဘူး ရေမြန်မြန်ချိုးပြီး လိုအပ်တာတွေ သွားဝယ်ရမယ်။

အလျင်စလိုရေချိုးပြီး ဈေးဝယ်ထွက်ခဲ့သည်။
Shopping centreရောက်မှ လိုနေတာကိုမဝယ်တတ်။ ကောင်းလိုက်တဲ့ ဦးနှောက်က Suကို ချက်ချင်းသတိရမိသည်။

Be Your Boy,You Will Be My Man💓(Completed)Donde viven las historias. Descúbrelo ahora