Rated scene (18+)🚨🚨
{Unicode}
နှင်းဆီဖူးလေးလိုဖွင့်အာပေးထားတဲ့ နှုတ်ခမ်းသားတို့ကိုဖိကပ်လိုက်ပြီးပူနွေးစွတ်စိုနေတဲ့အာခံတွင်းထဲကို ကျူးကျော်ပစ်လိုက်တယ်။ ပြန်လည်တုန့်ပြန်လာတဲ့နူးညံ့တဲ့လျှာလေးကြောင့် Mewရင်ထဲသိမ့်ကနဲ။ သူလိုချင်လာတိုင်း မငြီးမငြူဖြည့်ဆည်းပေးတတ်တဲ့ဒီလူသားလေးကို ချစ်လိုက်ရတာ။
ဘယ်ချိန်ဘယ်ခါမှာပဲ နမ်းနေပါစေ။ဒီနှုတ်ခမ်းလေးတွေကို နမ်းရတာရိုးအီသွားတယ်ဆိုတာမျိုးတခါမှမရှိဖူးခဲ့။ တခါထိတွေ့လိုက်တာနဲ့လွှတ်မပေးချင်လောက်အောင်ဆွဲဆောင်နိုင်လွန်းတဲ့ပြည့်အယ်နေတဲ့နှုတ်ခမ်းတွေ။ အားပါပါနဲ့ဖိကပ်လိုက်တိုင်းမှာ အိကျသွားတဲ့အထိတွေ့လေးက ရူးချင်စရာ။
Mewတစ်ယောက်နမ်းနေရင်းက အားမလိုအားမရဖြစ်လာကာ ချစ်ရတဲ့အကောင်ပေါက်လေးကိုအောက်မှာထားပြီးအပေါ်ကနေကားယားခွထိုင်ကာ အနမ်းတွေကိုရှေ့ဆက်တိုးလိုက်တယ်။ ပြင်းပြလာတဲ့ဆန္ဒတွေကြောင့် ဖြစ်ပေါ်လာတဲ့အသက်ရှုသံတွေကအိပ်ခန်းထဲမှာတေးဂီတသံဖွင့်ထားသည့်အလား။
Mewပေးတဲ့အနမ်းတွေကို လက်ခံပေးရုံမကတခါတခါသူကပါပြန်လည်ဦးဆောင်ပြီးအနမ်းတွေကိုပိုပြီးအသက်ဝင်စေခဲ့တဲ့ကောင်လေး။နှုတ်ခမ်းကအနမ်းတွေကိုခေတ္တရပ်တန့်ပြီး Gulfရဲ့လည်တိုင်တွေဆီMewဦးတည်ချက်ပြောင်းလိုက်တယ်။ ချွေးစို့နေတဲ့လည်တိုင်လေးကတမျိုးဆွဲဆောင်မှု့ရှိနေပြန်တယ်။ လည်တိုင်လေးကိုသွားနဲ့တတိတိကိုက်ရင်း Gulfရဲ့သွေးသားတွေကိုဆူပွက်စေလိုက်တယ်။ လည်ပင်းတလျှောက်နေရာလပ်မကျန်ကိုက်နမ်းနေတော့Gulfဘယ်လိုမှမခံစားနိုင်တော့ပါ။ ရင်ထဲယားကျိကျိဖြစ်လာပြီး ကုတ်ရဖဲ့ရခက်တဲ့အခြေအနေကိုရောက်နေတော့၏။ လည်ပင်းဆီက နေရခက်မှု့ကြီးကခန္ဓာကိုယ်တလျှောက်တဖျင်းဖျင်းစီးဆင်းသွားပြီး ခြေချောင်းတွေကိုကွေးထားကာမိန်းမောနေမိတယ်။
STAI LEGGENDO
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...