Part 28

1.2K 132 24
                                    

{Unicode}

ရှည်ကြာပြီး ပျင်းရိဖွယ်ကောင်းလှသည့် ကျောင်းတက်ရက်(၂)ရက်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် အားလုံးစောင့်မျှော်‌နေရတဲ့ ပိတ်ရက်လေးကို ရောက်လာတော့တယ်။

မနက်ခင်းအစောကြီးထဲက ကျွန်တော့်အခန်းတံခါးကို အဆက်မပြတ် လာထုနေသော Boat ကြောင့် အအိပ်အလွန်မက်သည့် ကျွန်တော်လဲ မနက် (6)နာရီထဲက နိုးလာရသည် ။ သူကကျွန်တော့်ထက် ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေသေး၏။ အခန်းထဲရောက်ထဲက ပြောလိုက်တဲ့ ကျေးဇူးတင်စကားတွေက  ကြာတော့နားတွေပါ ပူလာရသည် ။ လူကလဲတချက်လေးမှ ငြိမ်ငြိမ်မနေ ။ အခန်းထဲ ကျွန်တော်သွားတဲ့နောက် တကောက်ကောက်လိုက်ပြီး ပေါက်ပေါက်ဖောက်နေတာက တကယ်ကိုစိတ်ရှုပ်စရာရယ်ပါ ။

¶¶ စိတ်လျှော့ Gulf ။ စိတ်လျှော့ မင်းရေးထားတဲ့ ဇာတ်လမ်း မင်းနိုင်အောင် ကမှဖြစ်မှာ ။ခုထဲက စိတ်ပျက်အားလျော့နေလို့ မဖြစ်သေးဘူး ။ မင်းရည်ရွယ်ချက်က ဘာလဲ ?? အေးအဲ့ဒီရည်ရွယ်ချက် မပေါက်မြောက်မချင်း ဒီအမှိုက်လိုကောင်ကို သည်းခံလိုက်စမ်း ။ ခဏလေးပါ ။ အဆင်ပြေသွားမှာပါ ။ ¶¶

စိတ်ထဲကနေ ကိုယ့်ဘာသာ အားဆေးပြန်ကျွေးရင်း မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို အောင့်သက်သက်ဖြင့် ဖြီးပြနေရသေး၏။

"Boat မင်းပျော်နေတာကိုတော့ သိပါတယ်ကွာ ဒါပေမယ့် ရေချိုးခန်းထဲထိတော့ မလိုက်ခဲ့ပါနဲ့နော် ငါမြန်မြန်ချိုးပြီး ထွက်ခဲ့ပါ့မယ် "

"အော် အေး အေး Sorryနော် Gulf ဟီးး "

Boat ရဲ့ အလျင်လိုမှု့ကြောင့် အချိန်ကြာကြာမယူလိုက်ရဘဲ ကျွန်တော်အားလုံးပြင်ဆင်ပြီးသွားတော့ မနက်(၇)နာရီ ။

"P' Mew တို့ဆီ ဖုန်းဆက်ပြီးပြီလား Gulf ငါတို့အဆင်သင့်ဖြစ်ပြီလို့ လှမ်းပြောလိုက်ဦးလေ "

"အေးပါကွာ မင်းကလဲ Mild ဆီအရင်ဆက်ရမှာ ။သူဒီ‌ရောက်မှ P'ကို လာခေါ်ခိုင်းရမှာ ။ အေးဆေးမနေနိုင်ဘူးလား Boat ရာ ။  "

"အေးပါကွာ  ငါစိတ်လှုပ်ရှားနေလို့ပါနော်။ ခုချိန်ကစပြီး ဘာမှမပြောတော့ဘူးတကယ်   "

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now