Part 2

2.2K 139 6
                                    

ဟမ်!

လွန်ခဲ့သည့်စက္ကန့်ပိုင်းကမှတွေ့ခဲ့ရသောလူ……

ခုလဲစောနကလို Gulfအားမျက်မှောင်ကုတ်ပြီးကြည့်နေသည်။
 
  ဘယ်ရမလဲဒီတခါငါ့အလှည့်ပဲဟုGulfကြုံးဝါးရင်း အရွဲ့တိုက်ပြီးပြန်ပြောမယ်လို့ပြင်နေတုန်း……

   ထိုလူကGulfအား ကိုယ်တစ်ခြမ်းစောင်းတိုက်သွားကာ နေရာမှထွက်သွားခဲ့ပြီ။

'ဘာလဲဟ ဒီတခါလဲငါပဲ ခံရတာပဲလား'

"owi ဒါကဘယ်လိုရေစက်မျိုးလဲနတ်သားလေးရယ် သေချာပြီဒီနေ့နောက်ထပ်တစ်ခါထပ်ဆုံရရင်ရှင်ကကျွန်မရဲ့ဖူးစာရှင်ပဲ5555"

"ကဲအရူးမရေ နင့်အခန်းကစာသင်တော့မှာမဟုတ်ဘူးလားဝင်တော့လေ ငါလဲသွားတော့မယ်"

"Su ရေကိုယ်ဒီမှာလာ ဒီနားလေးတူတူလာထိုင် ဟယ်Gulfရောလိုက်ခဲ့တာလား သူငယ်ချင်းကိုစိတ်မချလို့လား"

"ဟယ် ယောက်မလေး လာပြီလာပြီ Gulfရေ နင်လဲခဏတော့ထိုင်သွားပါဦးလား"

"Su ဘယ်လိုဘယ်လို စောနကတို့ကိုဘယ်လိုခေါ်လိုက်တယ်"

"ဟီးးး ယောက်မလေးလို့ခေါ်လိုက်တာလေဘာလဲ  Pyaeကမကြိုက်ဘူးလားဟင် "

"ကြိုက်ပါဘူးနော်တို့က Suရဲ့Bffပဲလုပ်ချင်တာ"
        
Pyaeကထိုသို့ပြောရင်း ကျွန်တော့်ဆီသို့မျက်လုံးဝေ့ကြည့်လာသည်။
ဒါကိုအထာနပ်တဲ့လူလည်မကြီးSuက  ……

"Oh ဘယ်လိုလဲ ယောက်မလေးရဲ့ ဖြေးဖြေးပေါ့ ကိုယ့်ကိုယုံထားလိုက် အပြန်လှန်ပေါ့5555"

လိုက်လဲလိုက်တဲ့ နှစ်ယောက်ရယ်ပါ ။ စောနလေးကမှတွေ့ကြတာကို ခုတကယ့်ငယ်ပေါင်းကြီးဖေါ်တွေလိုဖြစ်နေကြပြီ။ ကျွန်တော်ကတော့ကြိုတင်ပြီး ခေါင်းကျိန်းနေလေရဲ့. 

နေပါဦး ကျွန်တော်ကဘာလို့‌ ခေါင်းကျိန်းရမှာလဲမဆီမဆိုင်……

စကားမစပ်ခုမှPyaeကိုဘေးချင်းကပ်ထိုင်ပြီးသေချာကြည့်မိတယ်။Pyaeကသူ့အကိုလိုအသားမဖြူဘဲညိုစိမ့်စိမ့်နဲ့ပိန်ပိန်သွယ်သွယ်လေး.. နှုတ်ခမ်းပေါ်မှာမှဲ့လေးနဲ့ ရယ်လိုက်ရင်လဲသွားတက်လေးတွေက ဖွေးခနဲပေါ်လာသေးတာ။တကယ် ချစ်စရာလေးပဲ သူ့အကိုနဲ့တော့တခြားစီပဲရယ်။

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now