(Zawgyi)🍀🍀🍀🍀🍀🍀
Part-44
(ကိုယ်...ချစ်သော clover..!!..)စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်။ ရည်မွန်ကာ
စွဲမက်ဖွယ်ကောင်းသော ကောင်လေးနှင့်လှပသော
ကောင်မလေးတစ်ယောက်သည် ဆိုင်လေးအတွင်း
သို့ဝင်လာလေသည်။ ကောင်လေးက ဆိုင်
အတွင်းကို ဝေ့ဝဲကာကြည့်လိုက်ပြီး ထောင့်နားရှိ
စားပွဲနံပါတ်လေးဟူသော ကဒ်လေးထောင်ထား
သော စားပွဲကို ဦးတည်ကာလျောက်လာသည်..။ခုံတစ်ခုံကိုအရင်ထုတ်ကာ သူနှင့်အတူပါလာ
သော ကောင်မလေးကိုအရင်ထိုင်သည်။ ပြီးမှ..
ကောင်မလေးနှင့် မျက်နှာချင်းဆိုင်ခုံတွင်ဝင်
ထိုင်သည်။ ကောင်လေး၏ နွေဦးပန်းများလို
လှပသောအပြုံးနှင့်ဂရုစိုက်မှုတို့ကြောင့်...
ကောင်မလေးသည် မျက်နှာလေးပင်နီရဲသွား
ရသည်...။ဒါကိုသတိထားမိသော ကောင်လေးက
သဘောတကျပြုံးရင်း စားပွဲပေါ်တွင်တင်ထား
သော menu ကဒ်လေးကို သူမလေးရှေ့သို့
တိုးပေးသည်..။"မေ ကြိုက်တာမှာ..."
စမ်းရေစီးဆင်းသလို ခပ်ငြိမ့်ငြိမ့်နိုင်သောအသံက
ခပ်ညို့ညို့မျက်ဝန်းများပိုင်ဆိုင်သောကောင်လေး
နှင့် လိုက်ဖက်လွန်းသည်။ သူမလေးက အစားအစာ
တစ်ချို့ကို ရှက်ပြုံးလေးဖြင့် မှာနေချိန်တွင်...
ကောင်လေးက စားပွဲပေါ်လက်ထောက်ကာ..
ကောင်မလေးကို ရွန်းရွန်းစားစားကြည့်နေသည်။ခပ်ညို့ညို့မျက်ဝန်းများက ကောင်လေး၏
အားသာချက်ဖြစ်ကာ မိန်းမလှလေးများ၏
အသည်းကိုခြွေနေကြ အရာတစ်ခုဆိုလဲမမှား။
ဘယ်ကောင်မလေးကိုမှ တစ်လထက်ပိုမတွဲ
သော ကောင်လေးအကြောင်းကို သိကြသော်
လည်း ကောင်လေးဆီမှ မလွတ်မြောက်နိုင်
ကြ..။ မျက်နှာများသော ထိုကောင်လေးသည်
သူမတို့ကို အချစ်စစ်နှင့်ချစ်သွားရန်သာ ....
မျှော်လင့်နေကြသည်..။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀