Part- 61(ကိုကို့အား အူးမွပြစ်လိုက်သည့်ရွက်စိမ်းပေါက်စ❤)

27.3K 2.3K 261
                                    

(Zawgyi)🍀🍀🍀🍀

Part- 61
(ကိုယ်..ချစ်သော clover..!!..)

သစ်မိုးအိမ် နက်(ခ်)တိုင်ကို အနည်းငယ်ဖြေလျော့
လိုက်သည်။ ကုမ္ပဏီနှစ်ပတ်လည်ပွဲပြီးရန် အချိန်
နှစ်နာရီခန့်ကြာမြင့်သွားသည်။ သစ်မိုးအိမ်ကား
စက်ကိုမနှိုးသေးဘဲ အပေါ်ကုတ်အင်္ကျီအိတ်ကပ်
ထဲတွင်ထည့်ထားသော ဖုန်းကိုထုတ်လိုက်ပြီး
အတွင်းရေးမှူးမိုးဝေကို စာတစ်စောင်ပို့လိုက်ပြီး
ဘယ်နေရာမှာ ရှိနေသည်ကို မေးမြန်းလိုက်သည်။

မိနစ်ပိုင်းအတွင်းပင် သူတို့သည်ပန်းချီပြခန်းတွင်
မဟုတ်တော့ဘဲ ပန်းချီပြခန်းအနီးရှိဂျပန်စားသောက်
ဆိုင်တွင်ရောက်နေကြောင်း စာပြန်လာသည်။

သစ်မိုးအိမ်ပြုံးလိုက်မိသည်။ဒီရက်ပိုင်းအတွင်း...
ဂျပန် စာစားချင်ကြောင်းပြောပြောနေသော
ရွက်စိမ်း​တော့ ​ပျော်နေပေတော့မည်။ တကယ်လည်းသူခန့်မှန်းသောအတိုင်းပင် သီးသန့်စားသောက်ခန်း
ထဲမှ ရွက်စိမ်းသည် ရှူးဖိနပ်ဖြူလေးစီးထားသော
ခြေထောက်လေးနှစ်ဖက်ကို စားပွဲအောက်တွင်
လွှဲယမ်းနေရင်း စားပွဲပေါ်ရှိအစားအသောက်များကို
မျက်လုံးတလက်လက်ဖြင့်ကြည့်နေခြင်းဖြစ်သည်။

ရွက်စိမ်းနှင့်ဖေဖေဦးထက်နောင်က ညနေစာ
စားပြီးသည်နှင့် အိမ်ကိုတန်းပြန်မည်ဖြစ်ကြောင်း
ကို အတွင်း​ရေးမှူးမိုးဝေက ပို့လာသောစာထဲတွင် 
ပြောထားပြီးဖြစ်သည်။ သူအိမ်တွင်သာ ချာတိတ်
လေးပြန်အလာကို​ စောင့်နေလို့ရသော်လည်း
သူကရွက်စိမ်း၏ မျက်နှာ​လေးကို ချက်ချင်းပင်တွေ့
ချင်တာဖြစ်သည်။ ထို့ကြောင့် ကားကိုရွက်စိမ်း
ရှိသောဂျပန်စားသောက်ဆိုင်သို့ ဦးတည်ကာ
ထွက်လာလိုက်သည်။

သစ်မိုးအိမ်..ဂျပန်စားသောက်ဆိုင်လေးသို့
့ရောက်ရန် နာရီဝက်ခန့်အချိန်ယူလိုက်ရသည်။
ဒီအချိန်ဆိုသူချစ်ရသောကောင်လေး စားသောက်
လို့ပြီးသွားလောက်ပြီမှန်းသူခန့်မှန်းမိသည်။ ထို့ကြောင့် သူဆိုင်ထဲသို့မဝင်​တော့ဘဲ ဆိုင်ရှေ့နားတွင်သူကား
ရပ်ပြီး ချစ်ရသော​ကောင်လေးကိုစောင့်နေလိုက်
သည်။

Clover your'e my clover[Completed]Donde viven las historias. Descúbrelo ahora