(Zawgyi)🍀🍀🍀🍀
(ချစ်ခြင်း၏ရှိန်းမြမြသံစဉ်..)
Part-81
(ကိုယ်...ချစ်သော clover..!!..)"အစ်ကိုရေ..အစ်ကို"
"ဘာဖြစ်လို့လဲ သက်"
အသံနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ပင်ထွက်လာ၏။
ဇနီးဖြစ်သူ ဒေါ်သက်မေ၏အသံကြောင့်ဦးလင်းမောင်
လှမ်းကာအသံပြုလိုက်ခြင်းဖြစ်၏။ ဦးလင်းမောင်က
မီးဖိုချောင်ထဲတွင် ပုစွန်ကြော်နေခြင်းဖြစ်သည်။ဇနီးသက်မေကြိုက်တတ်သောပုစံအတိုင်း မကြီး
မသေးပုစွန်လေးများကိုအခွံခွာကာ ငရုတ်သီးစိမ်း
တောင့်လေးများကို အရှည်လိုက်လေးများခြမ်းထား
၏။ ငရုတ်အနှစ်များဖြင့်ဆီပြန်ချက်ရမည့်အစား..
ငရုတ်သီးစိမ်းအခြမ်းလေးများဖြင့်ပုစွန်အချိုမပျက်ရ
လေအောင်ချက်ကာ အဆုံးသတ်တွင် သံပုရာရည်
လေးညစ်ရန်တွေးထား၏။ချစ်ဇနီးဒေါ်သက်မေအကြိုက်ကွက်တိပင်။
ဦးလင်းမောင် မီးကိုလျော့လိုက်ကာ လက်ထဲမှ
ဟင်းမွှေသစ်သားယောင်းမကို ဘေးမှပန်းကန်
ပြားပေါ်တင်လိုက်သည်။ အရင်..သားကြီးလင်းနေ
နှင့်နှစ်ယောက်ထဲ နေစဉ်အခါမှာတော့ ကြမ်းပြင်
ပေါ်ချလိုက် ပြန်မွှေလိုက်လုပ်လေ့ရှိသော်လည်း..
သက်..မကြိုက်သောကြောင့် မလုပ်ဖြစ်တော့။ သက်
က စည်းစနစ်ကျသည်ကိုသာ ကြိုက်သည်လေ..။ဧည့်ခန်းထဲရှိဆိုဖာခုံရှည်တွင်ထိုင်နေသော
ဒေါ်သက်မေက ဖျားနေသည်မှာ ရက်အနည်းငယ်
ကြာနေပြီဖြစ်သည်။ ဖြူလျော့လျော့မျက်နှာလေးဖြင့်
မော့ကြည့်လာသောအခါ ဦးလင်းမောင်၏နှလုံးသား
များ နာကျင်သွားရ၏။"အစ်ကို..သက် အသက်ရှူလို့မကောင်းဘူး
ချွဲတွေကြပ်နေတယ်..""ဒါဆို ဆေးလေးတစ်ခွက်လောက်သောက်ထား
မလား သက်..။ အစ်ကိုသွားယူပေးမယ်.."ပါးစပ်က အပြောကပင်နောက်ကျနေသေးသည်။
ဦးလင်းမောင် ဆေးတစ်ခွက်ကိုလက်ထဲယူပြီး..
ရေတစ်ခွက်ပါခပ်လို့အပြီးဖြစ်၏။ ဒေါ်သက်မေက
ဆေးသောက်ပြီးသည်နှင့် ဆိုဖာပေါ်တွင်သာ
ကွေးကွေးလေးနေနေ၏။ အခန်းထဲမှာနေပါဆိုလဲ
မရပေ။ ဦးလင်းမောင် မပြီးသတ်သေးသော ဟင်း
အိုးလေးပြန်ကြည့်ရန် မီးဖိုထဲပြန်သွားလိုက်သည်။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀