(Zawgyi)🍀🍀🍀🍀🍀
Part-33
(ကိုယ်...ချစ်သော clover..!!)ဒီရေလှိုင်း ကားကိုရေခဲမုန့်ဆိုင်နှင့် အနီးတွင်
ရပ်လိုက်သည်နှင့် တိမ်ငယ် မျက်ဝန်း များ အရောင်တောက်သွားတော့သည်။ ကားပေါ်မှ
သူ၏လွယ်အိတ်လေးပိုက်ကာ ဆင်းလာသော
တိမ်ငယ်ကြောင့် ဒီရေလှိုင်း မျက်မှာင်ကြုတ်ကာ
ကြည့်လိုက်သည်။"ခရမ်းချဉ်သီး လွယ်အိတ်ကို ကားထဲ
ထားခဲ့လေ။ ဘာလို့ယူလာမှာလဲ...""အာ..ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း..."
တိမ်ငယ် လွယ်အိတ်လေးကို ကားထဲပြန်
ထည့်ကာ ဒီရေလှိုင်းနောက်သို့ အမြန်လိုက်
ရသည်။ တိမ်ငယ် ဆိုင်အပြင်ဘက်ကို မြင်နိုင်
အောင်လုပ်ထားသောမှန်ချပ်အနားရှိ ထိုင်ခုံလေး
ကို ရွေးကာ ထိုင်ရန်လုပ်လိုက်သည်။"ဒီမှာမထိုင်ဘူး ဟိုဘက်ခုံမှာသွားထိုင်မယ်.."
"ဗျာ...ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း..."
ဒီရေလှိုင်း သွားနေသော စားပွဲတွင်တော့
မိန်းမလှလေး တစ်ဦးသည် ကျော့ရှင်းစွာ
ထိုင်နေသည်။ သူမအာရုံသည် လက်ထဲက
ဖုန်း၏ မျက်နှာပြင်တွင်သာရှိသည်..။ခေါင်းငုံ့ကာ ဖုန်းသုံးနေသောကြောင့်...
တစ်စွန်းတစ်စကျလာသော ဆံပင်လေး
များကို လက်သွယ်သွယ်လေးဖြင့် သိမ်းယူ
ကာ နားနောက်ကိုပြန်ပို့လိုက်သော သူမက
အတော်ပင်လှသည်...။ဒီရေလှိုင်း ထိုမိန်းမလှလေးရှေ့မှ စားပွဲခုံကို...
လက်နှင့်ခေါက်လိုက်သောအခါ သူမက..
မော့ကြည့်လာသည်။ အစပိုင်းတွင် အနည်းငယ်
အံ့ဩသွားပုံပေါ်သော သူမက ပြုံးပြလာသည်..။"ဒီရေလှိုင်း"
"အင်း..ကိုယ်ဘဲ၊ ကိုယ်ထိုင်လို့ရမလား ရင့်....
ဆိုင်ထဲမှာ ခုံလွတ်တွေမရှိလို့လေ..."နောက်တွင် ရပ်နေသော တိမ်ငယ်က ကြောင်
တောင်တောင်လေးနှင့် ဆိုင်ထဲမှခုံလွတ်များကို
လှမ်းကြည့်သည်။ မျက်လုံးလေး ပုတ်ကလက်
ပုတ်ကလက်လုပ်ကာ ဘာမှတော့မပြော..။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀