Part-79(ပန်းဖျော့ရောင်နေ့စွဲများ..)

19K 2K 52
                                    

(Zawgyi)🍀🍀🍀🍀


Part-79
(ကိုယ်..ချစ်သော clover..!!..)

"အယွန်း ဝမ်ဟိုင်ဒီနေ့အလုပ်မလာဘူးလား.."

လင်းနေလက်တွင်ပတ်ထားသော နာရီကိုတစ်ချက်
ကြည့်ရင်း မေးလိုက်၏။ ဝမ်ဟိုင်က ကျောင်းရှိသော
နေ့များတွင်အလုပ်မလာတတ်သော်လည်း လင်းနေ
ကိုတော့ ကြိုတင်ကာပြောလေ့ရှိ၏။ ထို့ပြင်သူအလုပ်
လာသောနေ့များတွင်လည်း အချိန်တိကျကာ
လင်းနေ ထက်ပင်စောစောရောက်နေတတ်သည်။

အခုက ရုံးချိန်ကိုအတော်ပင်ကျော်နေပြီဖြစ်သော
ကြောင့် အတွင်းရေးမှူးအယွန်းကိုမေးလိုက်ခြင်း
ဖြစ်၏။ အယွန်းကလင်းနေ မကြာခင်ကမှခန့်ထား
သော အတွင်းရေးမှူးဖြစ်၏။ ပုံမှန်ဆိုသူမစားပွဲက
လင်းနေ၏ရုံးခန်းထဲရှိအတွင်းရေးမှူးထိုင်ခုံတွင်
ဖြစ်သော်လည်း ထိုနေရာတွင်ဝမ်ဟိုင်ရှိသောကြောင့် လင်းနေကသူမကိုရုံးခန်းအပြင်ဘက်တွင်ပင် ​နေရာ
စီစဉ်ပေးထားခြင်းဖြစ်၏။

အတွင်းရေးမှူးအယွန်းက ပြန်ဖြေလာ၏။

"မလာပါဘူး မန်နေးဂျင်း..။ သူနေမကောင်းလို့
ခွင့်တစ်ရက်ယူမယ်လို့ဖုန်းဆက်ထားပါတယ်ရှင့်"

လင်းနေ မျက်ခုံးတစ်ဖက်ကိုပင့်လိုက်မိသည်။
ဝမ်ဟိုင်က အလုပ်မလာသောနေ့များတွင်လင်းနေ
ကိုဖုန်းအမြဲဆက်လေ့ရှိကာ သူ၏တစ်နေ့တာ
အကြောင်းများကိုပြောသလို လင်းနေဘာလုပ်သည်
ဆိုသည်ကိုလည်းမေးတတ်၏။ အခုတော့ လင်းနေ
ကို ဖုန်းဆက်လာခြင်းပင်မရှိဘဲ အတွင်းရေးမှူးဆီ
ကိုသာ ဖုန်းဆက်ကာခွင့်တိုင်သည်တဲ့။

"ကျွန်တော်သိပါပြီ အယွန်း.."

လင်းနေ အတွင်းရေးမှူးအယွန်းကို ပြုံးကာပြော
လိုက်ရင်း ရုံးခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ လင်းနေ
မန်နေဂျင်းထိုင်ခုံတွင်ဝင်ထိုင်လိုက်၏။ ဖုန်းကိုထုတ်
ကာ ဝမ်ဟိုင်ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည်။ ပြန်
လည်ဖြေကြားခြင်းမရှိဘဲ လူကြီးမင်းနှင့်တိုးနေသော
ဖုန်းကြောင့် လင်းနေအလိုမကျစွာ မျက်ခုံးများကို..
တွန့်ကွေးလိုက်မိသလို တစ်ဖက်တွင်လည်း ဝမ်ဟိုင်
ကို စိတ်ပူနေမိသည်။

Clover your'e my clover[Completed]Donde viven las historias. Descúbrelo ahora