(Zawgyi)🍀🍀🍀🍀🍀
Part-55
(ကိုယ်..ချစ်သော clover..!!..)
သစ်မိုးအိမ် ပြောပြီးသည်နှင့်မှင်ရည်လိုမျက်ဝန်း
များကတော့ နှုတ်ခမ်းသေးသေးလေးတွင်...
ကျောက်ချသလိုရပ်တန့်နေတော့သည်။
စဉ်းစားသလိုပြုနေသော ရွက်စိမ်းကသူ့လက်ထဲက
ရေခဲမုန့်ဗူးလေးကိုချကာ သစ်မိုးအိမ်၏ပါးတစ်ဖက်
ဆီသို့ ဦးတည်ကာတိုးကပ်လာသည်။ သစ်မိုးအိမ်
နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို တွန့်တက်စေလိုက်
သည်။
ရိုးသားတဲ့ ရွက်စိမ်းကသူ့ပါးပြင်တစ်ဖက်ကို
နူးညံ့မှုလေးအပ်နှင်းကာ သူမကြောက်အောင်
ကြိုးပမ်းရန်လုပ်နေသည်။ အရူးလေး..။ သူနဲ့
ပတ်သတ်ရင် လောဘကြီးတဲ့ တစ္ဆေတစ်ကောင်
လိုမျိုးဖြစ်တဲ့ သူကဒီလောက်နဲ့ တင်းတိမ်ရောင်ရဲ့
နိုင်မှာတဲ့လား...။
အဟက်..!..။ သူဆိုတဲ့သူက ကလေးငယ်နဲ့
ပတ်သတ်ရင် ပိုင်စိုးလိုစိတ်များတဲ့ လောဘကြီး
တဲ့တစ္ဆေတစ်ကောင်ဘဲဆိုတာ သူ့အရူးလေး
သိသွားရင် လန့်သွားလောက်သည်။ သူသိတဲ့
သစ်မိုးအိမ်ဆိုတဲ့သူက အရမ်းနူးညံ့ပြီး ပြီးပြည့်စုံ
တယ်မလား...။
သစ်မိုးအိမ် ခေါင်းကိုအနည်းငယ်စောင်းကာ
သူ၏လက်များကတော့ ခါးသေးသေးလေးကို
ဆွဲယူကာ ကိုယ်ငယ်လေးကိုရင်ခွင်ထဲထည့်
လိုက်သည်။ ပြီးသည်နှင့် နှုတ်ခမ်းများကို
ထိကပ်စေလိုက်တော့သည်။
နှုတ်ခမ်းသေးသေးလေးက ပျော်ဝင်တော့
မတတ်နူးညံ့ကာ အေးမြမြလေးနှင့်ဖရဲသီး
အရသာကိုခံစားရသည်။ သူသဘောတကျ
အရသာခံနေမိသည်မှာ စားပွဲပေါ်မှရေခဲမုန့်
လေးများ အရည်ပျော်ကုန်သည်အထိပင်။
နဂိုထက်ပိုမိုကာနီရဲနေသော နှုတ်ခမ်းလေးက
အလွန်အရသာရှိပုံရသည့် အရည်ရွှမ်းသည့်...
သစ်သီးတစ်လုံးလိုပင်..။ သူ၏မျက်စံများ..
အနည်းငယ်စုကြုံ့သွားရသည်..။ သို့သော်
မျက်တောင်တစ်ခတ်အတွင်းတွင်ပင် ထိုအရိပ်
ယောင်များမှာ ပျောက်ကွယ်သွားပြီ ထူခြားလှပ
ကာငြိမ်သက်နေသော မျက်ဝန်းများသာရှိတော့
သည်။
YOU ARE READING
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)