(Zawgyi)🍀🍀🍀🍀
(သူ..Mr.X)
Part-94
(ကိုယ်..ချစ်သော clover..!!..)~clover ကိုကို ကျောင်းကိုလာခဲ့မယ် ထွက်လာခဲ့
ကိုကိုတို့အပြင်သွားရအောင်..~သစ်မိုးအိမ်ဆီမှရောက်လာသော message ကြောင့်
ရွက်စိမ်း နေ့တစ်ပိုင်းကျောင်းဆင်းရန်ဖြစ်သွားသည်..။
သစ်မိုးအိမ်က အတန်းပိုင်ကိုပါခွင့်တောင်းပြီးဖြစ်သော
ကြောင့် ရွက်စိမ်း တိမ်ငယ်ကိုနှုတ်ဆက်ကာ ကျောင်း ရှေ့တွင်စောင့်နေမည့်သူဆီသို့ထွက်လာလိုက်သည်။ကျောင်းရှေ့တွင်တော့ ခန့်ညားသောအမျိုးသားက
ကားကိုမှီကာရပ်နေပြီး ကောင်လေးကိုမြင်သည်နှင့်
အပြုံးကိုပေးကာ လက်တစ်ဖက်ကိုဝှေ့ ယမ်းကာပြ
နေသည်။ ရွက်စိမ်းကို အလိုလိုက်သောအပြုံးဖြင့်
ကားတံခါးဖွင့်ပေးပြီးဝင်စေကာ ခါးပတ်ကိုကိုယ်တိုင်
ပတ်ပေးသည်။ ပြီးမှသာ တစ်ဖက်မောင်းသူနေရာ
တွင်ထိုင်ကာကားကိုနေရာမှမောင်းထွက်သည်။တရိပ်ရိပ်ပြေးနေသော ကားလေးထဲတွင်နိုင်ငံခြား
သီချင်းတစ်ပုဒ်ကိုခပ်တိုးတိုးဖွင့်ထားသည်။ ခေါင်း
လေးလှုပ်ကာ ခပ်တိုးတိုးသံစဉ်လိုက်နေသောရွက်စိမ်း
ကြောင့် ကားမောင်းနေသောသစ်မိုးအိမ်တစ်ယောက်
တစ်ချိန်လုံးပြုံးနေတော့သည်။ချစ်သောသူက အနားတွင်ရှိသောအခါ သူ၏နှလုံးသား
တစ်စုံလုံးနွေးထွေးနေ၏။ ထို့ကြောင့်သူတစ်ချိန်လုံးပြုံး
နေမိသည်မှာ မဆန်းပေ။သစ်မိုးအိမ်က သူ၏ကိုယ်တိုင်စီးပွားရေးလုပ်ငန်းများ
နှင့်ပတ်သတ်၍ တစ်ပတ်ခန့်ခရီးသွားရန်လိုသည်..။
သဘောက သူကောင်လေးနှင့်တစ်ပတ်ခန့်ခွဲခွာရမည်
ဖြစ်သည်။ တစ်ကယ်ကိုကြာရှည်ကာသူ့အတွက်ခက်ခဲ
လှသည်။ အထူးသဖြင့် သူကကောင်လေးကို ပိုပိုကာ
ချစ်လာသောကြောင့်ဖြစ်သည်။သူ့နှလုံးသားကို ယားကျိကျိဖြစ်စေသော ကောင်လေး
ရွက်စိမ်း၏ မျက်တောင်ရှည်ကော့ကော့လေး၊ သူ့နှလုံးသားတစ်စုံလုံး ခိုဝင်အိပ်စက်ရာဖြစ်သည့်ပါးချိုင့်ထင်းထင်းလေးများ၊ဝံ့ကာကြည့်လာတတ်သောကြည်တောက်
နေသော မျက်လုံးဝိုင်းကြီးများကွယ်ရာအရပ်တွင်နေနိုင်
ရန် အင်အားသူ့တွင်မရှိပါ။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀