(Zawgyi)🍀🍀🍀🍀
(ကိုယ်သဝန်တိုမိလိမ့်မယ်)
Part-75
(ကိုယ်...ချစ်သော clover..!!..)
တစ်ဖက်မှပြောလာသော အကြောင်းအရာများကို
နားထောင်ရင်း ဦးထက်နောင်မျက်ခုံးများကိုကုတ်
ကွေးလိုက်မိသည်။ သူပြန်ဖြေလိုက်ပြီး သူစကား
သံများက လေးလံနေကာ စိုးရိမ်နေသော..
ဒေါသထွက်နေသောအရိပ်အယောင်များ ပေါ်
နေသည်။
"ကောင်းပြီ..ငါနားလည်ပြီ.."
ဦးထက်နောင် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်၏။
လည်ပင်းမှ နက်(ခ်)တိုင်ကိုအနည်းငယ်ဖြေလျော့
လိုက်ပြီး ရုံးခန်းအတွင်းရှိဆိုဖာခုံရှည်တွင်ဝင်ထိုင်
လိုက်သည်။ ဟုတ်သည် သူရုံးခန်းတွင်သာရှိနေ
သည်မှာ ၃ရက်ပင်ရှိနေပြီဖြစ်ပြီး ဒီရက်အတွင်း..
အိမ်မပြန်ဖြစ်ပေ။
ဦးထက်နောင်၏ မျက်လုံးများအောက်တွင်
ပင်ပန်းမှုနှင့်အိပ်ရေးပျက်ခြင်းကြောင့် ရသော
အမည်းရောင်စက်ဝန်းများပင် ရနေပြီဖြစ်သည်။
ဦးထက်နောင် နှာရိုးပေါ်မှမျက်မှန်ကိုချွတ်လိုက်
သောအခါ အမဲရောင်စက်ဝန်းများက ထင်ရှားစွာ
ပေါ်လာသည်။ ဤသည်ကပင် ဒီအမျိုးသားကြီး
မည်မျှစိတ်ပင်ပန်းနေကြောင်း ပြောပြနေသည်။
ဦးထက်နောင်က လွန်ခဲ့သောရက်များတွင် သူ၏
သူငယ်ချင်းအပေါင်းအဖော်များဖြင့် အပျော်ခရီး
တစ်ခုထွက်နေခြင်းဖြစ်သည်။ သူ၏အပန်းဖြေမှု
လေးများသည် အချိန်တော်မကြာလိုက်ပေ။
သူသည် သားအရင်းမဟုတ်ကြောင့် အသိပေး
ကာ ကုမ္ပဏီဆက်ခံသူနေရာကိုလွှဲယူမည်မဟုတ်
ကြောင်း ကြော်ငြာလိုက်သည်ဆိုသော သတင်း
ကြောင့် ခရီးမှအပြေးပြန်လာခဲ့ခြင်းဖြစ်သည်။
သားကြီး၏ကြော်ငြာချက်က မြေခွေးတစ်စုကို..
အသားနံ့ပေးလိုက်သလို ဖြစ်စေလိမ့်မည်ကို
ဦးထက်နောင်သိသလို သားကြီးလည်းသိမှာ
သေချာသည်။ ဒါကိုပင် ခေါင်းမာသောထိုကလေး
က ဖြောင်းဖျ၍မရသည့်အပြင် ကုမ္ပဏီအမွေဆက်ခံ
သူသည် ရွက်စိမ်းသာဖြစ်သင့်သည်ဟုပင်အခိုင်အမာ
ပြောသေးသည်။
သစ်မိုးအိမ်ကို ဖြောင်းဖျ၍မရမှန်းသိသွားသော
ဦးထက်နောင်က ရှယ်ယာရှင်များကို နည်းလမ်း
သုံးကာနှုတ်ပိတ်ပြီး ထိုသတင်းအပြင်မထွက်စေရန်
တားဆီးခဲ့သည်။ အားလုံးအဆင်ပြေပြီထင်ခဲ့သော်
လည်း နောက်တစ်နေ့မနက်လင်းသည်နှင့် Yမြို့
တော်၏ သတင်းစာခေါင်းစီးပိုင်းများတွင်နေရယူ
ထားသည်က GS group ပထမသား၏
အကြောင်းများပင်ဖြစ်သည်။
ВЫ ЧИТАЕТЕ
Любовные романыWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)