(Zawgyi)🍀🍀🍀🍀
Part-66
(ကိုယ်..ချစ်သော clover..!!..)"ဒီတစ်ခု.."
ဦးထက်နောင်က တက်ကြွစွာပြောရင်း အပိုင်းစ
ငယ်လေးတစ်ခုကိုယူကာ ပုံဖော်ကားချပ်လေးတွင်
နေရာချသည်။ အဆင်မပြေသော အပိုင်းအစလေး
ကြောင့် ဦးထက်နောင် အကြပ်ရိုက်သွား၏။ဦးထက်နောင်၏ ရွေးချယ်မှုကို ပုံဖော်ကားချပ်လေး
ထဲပါသည် နမူနာပုံကိုကြည့်နေသော ရွက်စိမ်းက
ခေါင်းခါ၏။ ဘေးက မိုးဝေကလည်း ခေါင်းတငြိမ့်
ငြိမ့်..။ ရွက်စိမ်းကပြောလာ၏။"Daddy ဒီနေရာက သစ်ရွက်လေးလေ အစိမ်း
ရောင်လေးကို ရွေးရမှာရော ဒါက အဝါရောင်လေ""အာ.. ဟုတ်သားဘဲ.."
"ဟွန့် Daddy က ကစားတာမတော်ဘူးရော
ကိုကိုဆိုရင် ရွေးတာအမြဲမှန်တယ်.."ဦးထက်နောင်က မသိမသာနှာခေါင်းရှုံ့၏..။
သူက ကစားရာတွင်မတော်တာမဟုတ်။ ဒီလို
ပိစိ ပိစိများကိုဆက်ကာအကောင်းတိုင်းပြန်လုပ်
ခြင်းကို စိတ်မရှည်ခြင်းဖြစ်သည်။ ပြီးတော့
ဘာလို့များတစ်စစီလုပ်ပြီး ပြန်ပြန်ဆက်နေမှန်း
နားကိုမလည်တော့ဘူး..။.............
"ကောင်းပြီ ဒါဆိုဒီနေ့အစည်းအဝေးက ဒီလောက်
ဘဲ..။ မနက်ဖြန် ဒီအတွက်သုံးသပ်ချက်တစ်ချို့..
ငါ့စားပွဲပေါ်ရောက်နေတာ မြင်ချင်တယ်..""ဟုတ်ကဲ့ နားလည်ပါပြီ ဒုဥက္ကဌ.."
သစ်မိုးအိမ် ခေါင်းတစ်ချက်ငြိမ့်ကာ အစည်းအဝေး
ကို အဆုံးသတ်လိုက်သည်။ သစ်မိုးအိမ်၏ ခြေလှမ်း
များကတော့ ဥက္ကဌကြီးရုံးခန်းဆီသို့ဖြစ်ပြီး ခြေလှမ်း
တိုင်းက သွက်လက်ကာမြန်ဆန်သည်။အတွင်းရေးမှူးလေးသည် ဒုဥက္ကဌ၏ ခြေလှမ်း
ကျယ်များနောက် ပြေးမတတ်အမှီလိုက်နေရသည်။
သစ်မိုးအိမ် ခြေလှမ်းများကိုတစ်ခဏရပ်လိုက်ကာ"စားသောက်ဆိုင်တစ်ခုမှာ သီးသန့်ခန်းတစ်ခု
မှာထားလိုက်။ အစားအသောက်နဲ့ အပြင်အဆင်
တစ်ချို့ပါရမယ်။ အချိုပွဲကို ဖရဲသီးနဲ့လုပ်ထား
တာမျိုးစီစဉ်ပေးပါ။ အချိုရည်ကိုတော့ အသီး
ကနေလုပ်တာမျိုးဘဲနော်.."
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀