[This part contains some mature
content!. Don't read under 18]**
(Zawgyi)🍀🍀🍀🍀
(Happy 18th birthday my clover)
Part-97
(ကိုယ်..ချစ်သော clover..!!..)
"ကိုကို"
ကောင်လေး၏ခပ်တိုးတိုးခေါ်သံကို လျစ်လျူရှုကာ
သစ်မိုးအိမ်၏လူတစ်ယောက်ဖွင့်ပေးလာသောကား
နောက်ခန်းတွင် ကောင်လေးကိုချီထားရင်းဝင်ထိုင်
လိုက်သည်။ ကောင်လေးက သစ်မိုးအိမ်၏ပေါင်
ပေါ်တွင်မျက်နှာချင်းဆိုင်အနေအထားဖြင့်ရှိနေခြင်း
ဖြစ်သည်။
"ဟင့် ကိုကို"
အမြဲဂရုစိုက်လေ့ရှိသော ကိုကို့ဆီမှလစ်လျူရှုမှု
ကြောင့် ရွက်စိမ်းဝမ်းနည်းသွားကာ ရှိုက်သံလေး
တစ်ဝက်ဖြင့် သစ်မိုးအိမ်ကိုခေါ်လိုက်သည်။
သစ်မိုးအိမ်အတွက်တော့ ငိုမဲ့မဲ့မျက်နှာလေးဖြင့်
သူ့ကိုမော့ကြည့်လာသည်ကိုခံလိုက်ရသောအခါ
ထိန်းချုပ်မှုလွတ်ကာ ရူးသွပ်လုနီးပါးဖြစ်သွားရ
သည်။ သူအံကြိတ်လိုက်သောကြောင့် မေးရိုး
များက ထင်းကာထွက်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ လူငယ်လေး၏ဆွဲဆောင်
မှုကို တင်းခံနေရသောသစ်မိုးအိမ်အတွက်ပိုကာအခက်
တွေ့လာရသည်။ သစ်မိုးအိမ်က သူ့ကိုယ်သူထိန်းချုပ်
နေခြင်းဖြစ်သော်လည်း ရွက်စိမ်းကတော့ သူ့ကိုကိုကသူ့ကိုစိတ်ဆိုးနေသည်ဟူထင်သွားတော့သည်။ မျက်
ရည်ဥကြီးများကျဆင်းလာကာ သစ်မိုးအိမ်ပေါင်ပေါ်
မှအတင်းဆင်းရန်လုပ်တော့သည်။
"ဘာကောင်းတာလုပ်ထားလို့ ရုန်းရဲရတာလဲ"
သစ်မိုးအိမ် သွားကြားထဲမှထွက်သောလေသံဖြင့်
ပြောလိုက်သည်။ကလေးက ငြိမ်သွားသောအခါမှ
သစ်မိုးအိမ် သက်ပြင်းမောကိုချလိုက်သည်။ သူ့
ပေါ်တွင်ထိုင်ကာ တလှုပ်လှုပ်လုပ်နေသောကောင်
လေးက ဘယ်လောက်အန္တရာယ်များမှန်းသိဟန်မ
တူပေ..။
သစ်မိုးအိမ် ကိုယ့်ကိုယ်ကို ပြင်ဆင်ပြီးသွားသော
အခါမှ သူ့ရင်ခွင်ထဲခေါင်းလေးတိုးကာငြိမ်နေသော
ကောင်လေး၏ ကျောပြင်လေးကို ပွတ်သပ်ပေးလိုက် ကာ ခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်သည်။
ВЫ ЧИТАЕТЕ
Любовные романыWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)