(Zawgyi)🍀🍀🍀
(clover..smile~!)
Part-98
(ကိုယ်..ချစ်သော clover..!!..)
တိမ်ငယ်နိုးနိုးခြင်း ကြီးမားသောလက်ကြီးများကြား
တင်းကြပ်စွာဖက်ထားခံရသောကြောင့် လန့်သွားရ
သည်။ ပထမဆုံးလုပ်မိသည်က အတင်းကာထရန်
ကြိုးစားခြင်း..။ သို့သော် ထိုကြိုးစားခြင်းလေးသည်
အောင်မြင်ခြင်းမရှိဘဲ ပြန်ဆွဲလှဲခံလိုက်ရကာ မူလအ
တိုင်း ချုပ်ကာဖက်ထားခံရသော အနေအထားသို့ပြန်
ရောက်သွားသည်။
တစ်ဆက်ထဲတွင်ပင် ရင်းနှီးနေသောအသံကိုလည်း
ကြားလိုက်ရသည်။
"ငါဒီကိုရောက်ဖို့လုံးဝမနားဘဲ ကားမောင်းလာခဲ့တာ
..ငါအိပ်ဦးမှာ ငြိမ်ငြိမ်နေ"
အသံမှာ အိပ်ရာနိုးကာစမို့ အက်ရှနေပြီး စိတ်မကြည်
သာပုံလည်းပေါက်သည်။ အသံသည် လူငယ်လေး၏
အကြားအာရုံသို့စီးဝင်သွားသောအခါ တိမ်ငယ် မျက်
လုံးပြူးလေးဖြင့် မော့ကြည့်လိုက်မိသည်။
"ကို..ကိုကြီးသူငယ်ချင်း"
"တိတ်တိတ်နေ မဆူနဲ့!"
ဒီရေလှိုင်းက တိမ်ငယ်၏ပုခုံးကျဉ်းလေးပေါ်ခေါင်းတင်
ကာအိပ်နေပြီး ကိုယ်လေးကိုလည်းသိုင်းချုပ်ကာဖက်
ထားသည်။ တိမ်ငယ့်လက်လေးနှစ်ဖက်ကိုလည်းသူ့
လက်ဖဝါးကြီးများကြားဆုပ်ကိုင်ထားသည်။
"ဟိုလေ.. ရွက်စိမ်းရောဟင် ကိုကြီးသူငယ်ချင်း"
သူငယ်ချင်းကိုချစ်သော တိမ်ငယ်က ဤသည်ကို
မေးရန်တော့မမေ့။
"သူ့အစ်ကိုပြန်ခေါ်သွားပြီ.. အသံထပ်မထွက်နဲ့!"
တိမ်ငယ် နှုတ်ခမ်းလေးကိုက်ကာငြိမ်ကျသွားသည်။
နာရီဝက်ခန့်ကြာအောင်တိမ်ငယ်တောင့်တောင့်လေးနေ
ပြီးမှ ဒီရေလှိုင်းကအိပ်ရာထသည်။ တိမ်ငယ်ကို့မျက်နှာ
သွားသစ် တစ်ခွန်းပြောကာ ဖုန်းပြောနေသည်။
တိမ်ယ်ကုတ်ကုတ်လေးပင် မျက်နှာသစ်လိုက်ပြီး
အသင့်ပြင်ပေးထားသော မနက်စာကိုငြိမ်ငြိမ်လေး
စားနေခြင်းဖြစ်သည်။ ဒီရေလှိုင်းကတော့ အခုထိ
အလုပ်ကိစ္စဖုန်းပြောလို့ မပြီးသေးပေ။
KAMU SEDANG MEMBACA
RomansaWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)