(Zawgyi)🍀🍀🍀🍀
Part-48
(ကိုယ်..ချစ်သော clover..!!..)
ငြိမ်းချမ်းသောအပြာရောင်လွင်လေးလွမ်းနေသော
အခန်းတစ်ခု၏ ထောင့်နားရှိ စာရေးစားပွဲလေးတွင်
နီနီရဲရဲပါးလေးနှစ်ဖက်နှင့် ကောင်လေးသည်..
နေမကောင်းဖြစ်နေသောကြောင့် ကျောင်းမလာ
နိုင်သော သူ့သူငယ်ချင်းအတွက် မှတ်စုစာအုပ်
လေးလုပ်ပေးနေလေသည်..။
သေချာအာရုံစိုက်နေသော ကောင်လေး၏...
လက်ရေးဝိုင်းဝိုင်းလေးများက အပြာရောင်...
စာအုပ်လေးတွင် နေရာယူသည်..။
အရေးကြီးသော စာများကို Highlights
လေးများသုံးကာ စနစ်တကျမှတ်ပေးနေသော
ကောင်လေးက သူငယ်ချင်းဖြစ်သူကို သူ
ဘယ်လောက်အရေးထားကြောင်းသိသာသည်။
မှတ်စုများရေးမှတ်ခြင်းပြီးသွားသောအခါ...
ဘော့ပင်နှင့်စာအုပ်လေးကို နေရာတကျထား
သော ကောင်လေးကစည်းစနစ်ရှိလွန်းသည်။
စာရေးစားပွဲခုံပေါ်တွင်တော့ မိသားစုဓာတ်ပုံ
လေးတစ်ခုအပြင်..။ မျက်နှာတည်လွန်းသော
လူငယ်တစ်ဦးနှင့် မျက်လုံးဝိုင်းဝိုင်း ပါးရဲရဲလေး
ကောင်လေး တွဲရိုက်ထားသောပုံလေးက..
နေရာယူထားသည်...။
တည်တင်းနေသောမျက်နှာအမူအရာရှိသော
လူငယ်က ကင်မရာဘက်ကိုကြည့်နေကာ..
ကောင်လေးကတော့ လက်လေးနှစ်ချောင်း
ထောင်ကာရီနေသောပုံလေးဖြစ်သည်...။
နူးညံ့မှုနှင့်မာကျောမှုကို ကိုယ်စားပြုထားသော
ပုံလေးသည် ထူးခြားစွာပင်ကြည့်ကောင်းလွန်း
နေခဲ့သည်..။
အခန်းငယ်ထဲထွက်ပေါ်လာသော သက်ပြင်းချ
သံလေးက ဓာတ်ပုံလေးကိုကြည့်နေသော...
ကောင်လေးဆီမှဖြစ်သည်...။
အိမ်အောက်ထပ်ကိုဆင်းရန်ဆုံးဖြတ်လိုက်
သော ကောင်လေးက အခန်းတံခါးဆီသို့..
ခြေလှမ်းများကို ဦးတည်လိုက်သည်..။
YOU ARE READING
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)