(Zawgyi)🍀🍀🍀🍀
Part-24
(ကိုယ်...ချစ်သော clover..!!..)ဦးထက်နောင် အရင်နေ့များလိုပင် မနက်ခင်း
အပြေးလေ့ကျင့်ရာမှ ပြန်လာခြင်းဖြစ်သည်...။
ပုခုံးပေါ်တွင် တင်ထားသော တပတ်ဖြင့် မျက်နှာ
ကိုသုတ်လိုက်သည်က အမှုမဲ့အမှတ်မဲ့ နိုင်လွန်း
သော်လည်း ကြည့်ကောင်းနေသည်...။ခြံထဲမှပန်းပင်များကို ရေလောင်းနေသော
အလုပ်သမားကောင်လေးကို ပန်းပင်အချို့
ထပ်ဝယ်ကာစိုက်ရန်ပြောပြီးမှ အိမ်ထဲသို့ဝင်လာ
လိုက်သည်..။တစ်ဖက်ခြံ၏ အိမ်အပေါ်ထပ်ဝရန်တာမှ..
ဒေါ်နှင်းဆီနီသည် စွဲမက်စရာကောင်းသော
အမျိုးသားကြောင့် ပြုံးလိုက်မိသည်။ထိုအမျိုးသားသည် ကြည့်ကောင်းလွန်းသော
ရုပ်ရည်အပြင် ကျယ်ဝန်းသောခြံဝန်းနှင့် ခမ်းနား
သောအိမ်ကြီးကို ပိုင်ဆိုင်သည်။ဒေါ်နှင်းဆီနီနှင့် တွေ့ဆုံသည့်အချိန်တိုင်းတွင်
ထိုအမျိုးသား မောင်းနှင်လာသော ကားများမှာ
မတူညီပေ..။ တန်ဖိုးကြီးကားများကို အထည်လဲ
သလိုသုံးနိုင်သော ထိုအမျိုးသား၏ ပိုင်ဆိုင်မှု
သည် ဘယ်လောက်တောင်များလဲ..။ထိုအတွေးသည် ဒေါ်နှင်းဆီနီ၏ သွေးကြောများ
ထိတိုင်စိမ့်ဝင်ကာ တုန့်ဆိုင်းသွားစေသည်...။
ထိုအမျိုးသားကို ပိုင်ဆိုင်ချင်သော စိတ်များ
လည်းပိုမိုကာ ရင့်သန်လာခဲ့သည်..။ဒေါ်နှင်းဆီနီ ဝရန်တာ၏ ဘောင်ကို ခပ်တင်း
တင်း ဆုပ်ကိုင်လိုက်မိသည်။ ဒီလူကို ပိုင်ဆိုင်ရ
မှကိုဖြစ်မည်။ ဒါမှသာ ကျန်နေသော ဘဝတစ်
လျောက်ကို သက်တောင့်သက်သာဖြတ်သန်းနိုင်
မည်..။ဒေါ်နှင်းဆီနီ၏ ပိုင်ဆိုင်မှုများသည် ဟန်ပြ
သပ်သပ်သာရှိတော့သည်။ ဤသည်မှာ...
လောင်းကစားလုပ်ခြင်း၏ အကျိုးဆက်ဖြစ်သည်
ကို ဒေါ်နှင်းဆီနီ ရှင်းလင်းစွာ သိသည်။ သို့သော်
စွဲလမ်းနေပြီဖြစ်သောကြောင့် စွန့်လွှတ်နိုင်ခြင်း
မရှိ..။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀