(Zawgyi)🍀🍀🍀🍀
Part-50
(ကိုယ်..ချစ်သော clover..!!..)
သစ်မိုးအိမ် ထွက်သွားပြီးမကြာခင်မှာပင်
ရွက်စိမ်းက မျက်လုံးလေးပုတ်ကလက်
ပုတ်ကလက်လုပ်ကာ နိုးလာလေသည်။
ဘေးတွင် ထိုင်နေသော Daddy ထက်နောင်
ကိုတွေ့တော့ Daddy~..ဟု ချွဲနွဲ့လိုသော
အသံလေးဖြင့် ခေါ်လာသည်။ ဦးထက်နောင်
တစ်ယောက် အသည်းယားသွားကာ သူ့ဘောလုံး
၏ ပါးနှစ်ဖက်လုံးအား နီရဲကုန်သည်အထိ
နမ်းပြစ်လိုက်တော့သည်..။
ရွက်စိမ်းတစ်ယောက်ကတော့ အားတိုင်း
ပါးနှစ်ဖက်ကိုရန်ရှာတတ်သော အဖေနှင့်
အစ်ကိုကြောင့် မျက်မှောင်လေးကြုတ်ကာ
စိတ်ညစ်နေရသည်။
တကယ်ဘဲ ရွက်စိမ်းပါးတွေပြုတ်ကျ
လာတော့ မှာလား မသိတော့ပါဘူး..။
နာသွားသော ပါးလေးကိုအသာပွတ်ရင်း...
တွေးနေသည့် ရွက်စိမ်း၏စိတ်ပူပန်မှုကို
မသိသော ဦးထက်နောင်ကတော့...
သူ၏သားဖြစ်သူဘောလုံးလေးကို..
အစာသွပ်နေသည့်အလား မုန့်တစ်ခုပြီး
တစ်ခုခွံ့ကျွေးနေတော့သည်...။
အစပိုင်းတွင်း ပါးတလှုပ်လှုပ်ဖြင့်ငြိမ်ကာ
စားနေသော ရွက်စိမ်းကအချိန်တစ်ခုကြာ
ပြီးသောအခါ အသံထွက်လာတော့သည်။
"Daddy.. ရွက်စိမ်းမစားနိုင်တော့ဘူး.."
"နှစ်ပန်းကန်ဘဲ ထပ်စား..လိမ္မာတယ်.."
"Daddy ...အနိုင်ကျင့်တယ်...!..."
နှုတ်ခမ်းထော်ကာ ပြောလာသော...
ရွက်စိမ်းကြောင့် ဦးထက်နောင် အခက်တွေ့
သွားရသည်..။ ဦးထက်နောင် အတွက်တော့
ရွက်စိမ်းက အစားနည်းလွန်းနေသည်..။
ကလေးဆိုတာ များများစားသင့်တယ်လေ။
ဒါမှ..နောက်ထပ်နေမကောင်းမဖြစ်တော့
မှာ..။ ဒါမှအကြာကြီးအိပ်နေတာမျိုး...
မဖြစ်တော့မှာ...။
"တစ်ပန်းကန်..တစ်ပန်းကန် ဘဲထပ်စား.."
ဈေးဆစ်သလိုပြောလာသော Daddy
ထက်နောင်ကြောင့် ရွက်စိမ်း ပါးနှစ်ဖက်ကို
ငါးပူတင်းလေးလိုဖောင်းကာ မကျေနပ်ကြောင်း
ပြရင်း နှာခေါင်းလေးကိုပါရှုံ့လိုက်သည်..။
"ကောင်းပြီ ကောင်းပြီ... ဦးကောင်း
သိမ်းလိုက်တော့...."
နောက်ဆုံးတော့ အလျော့ပေးရသူက..
Daddy ထက်နောင်သာ..။ အသက်အရွယ်
ရလာတော့ မိမိလည်းစိတ်ပူပန်မှုများ ရှိလာ
သည်။ အသက်ကစကားပြောလာပြီထင်ပါရဲ့။
ESTÁS LEYENDO
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)