(မနေ့ညက တင်ထားတဲ့ Part-39 ကိုမနက်က
Unpublish လုပ်ပြီး အသစ်ပြင်ထားပါတယ်..။
မနေ့ညကဘဲ ဖတ်ထားပြီး ပြန်တင်တာကိုမဖတ်ရ
သေးတဲ့သူတွေက Part-39 ကို အရင်ဖတ်ပေးပါ
နော်..။ ကျေးဇူးပါ...😚...)🍉🍉🍉(Zawgyi)🍀🍀🍀🍀🍀
Part-40
(ကိုယ်...ချစ်သော clover..!!..)မနက်အစောပိုင်း ကတည်းက ဒီရေလှိုင်း
တစ်ယောက် လင်းနေအိမ်သို့ရောက်နေခြင်း
ဖြစ်သည်။ အကြောင်းကတော့ တိမ်ငယ်ကို
စာပြပေးရန်ဖြစ်သည်။ လင်းနေကို စိတ်မချသော
အန်တီက ဒီရေလှိုင်းကိုသာ အကူအညီတောင်း
သောကြောင့် ဒီရေလှိုင်းကလည်း လက်ခံလိုက်
သည်..။.အန်တီကတော့ ဒီရေလှိုင်းအတွက်ပါ
မနက်စာပြင်ပေးကာ တစ်ခါတည်းစားစေသည်။"ပဲပြုတ်နဲ့ထမင်းကြော်ရယ် ကောက်ညှင်း
လက်ဖက်ခြောက်လေး ခပ်ထားတဲ့ ရေနွေး
လေးရယ်..များများစားရမယ်နော် သားလှိုင်း""ဟုတ်ကဲ့ အန်တီ။ အန်တီလက်ရာဆို
ကျွန်တော်က ကြိုက်ပြီးသား အများကြီးစား
မှာ စိတ်ချပါဗျ...""အိုက်ဂူး.. အပြောချိုလိုက်တာကွယ်..။
အစ်ကိုရှင်တွေ့လား သားလှိုင်းက ဘယ်လောက်
လိမ္မာလဲ။ ကျွန်မသာသမီးလေးရှိကြည့် သားလှိုင်း
နဲ့ပေးစားပြီး သားမက်လေးတော်ပြစ်မှာ။ သားလှိုင်း
လို ချစ်စရာကောင်းတဲ့ ကလေးနဲ့သာ ဆုံမယ်မှန်း
သိခဲ့ရင် အာလူးလေးတုန်းက.သားမဟုတ်ဘဲ သမီး
လေးဖြစ်ပါစေလို့ ဆုတောင်းခဲ့ပါတယ်...""အဟွတ်..~!!... မေမေ ကလည်းဗျာ.."
လင်းနေတစ်ယောက် မေမေ့စကားကြောင့်
သောက်လက်စကော်ဖီလေးပင် သီးသွားရ
သည်။ မေမေ၏ ဒီရေလှိုင်းကိုချစ်ပုံက လင်းနေ
ပင် ဘဝပြောင်းရတော့မလိုပင်...။မေမေက လင်းနေကို မျက်စောင်းလှမ်းထိုး
သည်။ ဖေဖေကတော့ မေမေ့ကို မြတ်နိုးစွာ
ကြည့်ရင်း ပြုံးနေလေသည်။ ထိုအချိန်တွင်
အပေါ်မှဆင်းလားသော တိမ်ငယ်။ အခုမှ
နိုးကာမျက်နှာသစ်သစ်ပြီးချင်း ဆင်းလာပုံရ
သည်..။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀