(Zawgyi)🍀🍀🍀🍀
Part-4
(ကိုယ်..ချစ်သော clover...!!..)အချိန်တစ်ခုယူကာ ဆွေးနွေးမှု အပြီး...
လူကြီးလူကောင်းပုံ ရှိသော အမျိုးသားကြီး
နှစ်ဦးသည် နေရာမှ ထရပ်ကာ လက်ဆွဲနှုတ်ဆက်
လိုက်ကြသည်...။သာမန်သူများ အမြင်တွင် ရိုးရှင်းလွန်းသော
ထို လက်ဆွဲနှုတ်ဆက်မှု လေးသည်...။
ဦးထက်နောင် တို့ စီးပွားရေး လောကတွင်မူ..
ထင်သလောက် မရိုးရှင်း..။အကျိုးအမြတ်မှ အစချီကာ လေးနက်သော
ကတိစကားများအထိ ပါဝင်ကာ အကြောင်းအရာ
များစွာကို ကိုယ်စားပြုသည်...။"ရင်းနှီးမြုပ်နှံမှု အတွက် ကျေးဇူးတင်ပါတယ်...
မစ္စတာ ချန်း..။ ဒီပူးပေါင်းမှုက အလဟသ မဖြစ်
စေရပါဘူး..."ဦးထက်နောင် ၏ စကားကို ရှမ်းတရုတ် ကပြား
ဖြစ်သော မစ္စတာ ချန်း သည် အပြုံးတစ်ခုဖြင့်...
ခေါင်းဆတ်ကာ တုန့်ပြန်လာသည်...။လုပ်ငန်းရှင်တိုင်း မစ္စတာချန်း၏ ရင်းနှီးမြုပ်နှံမှုကို
လိုချင်နေကြချိန်တွင် မစ္စတာချန်း သည် မိမိတို့...
G company ကို ရွေးချယ်သည်က
ကံကောင်းမှု ပင်...။ဦးထက်နောင်နှင့် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူ
မစ္စတာချန်း တို့ ဆွေးနွေးမှု အဆုံးသတ်ကာ..
စာချုပ်ချုပ်ဆိုပြီးချိန်တွင် ၂နာရီပင် ထိုးနေပြီ..
ဖြစ်သည်..။နာမည်ကြီး စားသောက်ဆိုင် တစ်ခု၏....
သီးသန့်ခန်းထဲတွင် အလုပ်ကိစ္စ ဆွေးနွေးနေ
ကြခြင်း ဖြစ်သော်လည်း နှစ်ဖက်လုံး မှာထား
သော အစားအသောက် များကို တို့ထိခြင်းပင်
မရှိကြ...။မစ္စတာ ချန်း တည်းခိုသော Hotel သို့
လိုက်ပို့ပြီးနာက် ဦးထက်နောင် နီးစပ်ရာ....
ဈေးဝယ်စင်တာ တစ်ခုသို့ ကားကို ဦးတည်လိုက်
သည်...။မိနစ်၂၀ခန့် အချိန်ယူပြီးနောက် ဈေးဝယ်
စင်တာ တစ်ခုသို့ ရောက်သွားသည်...။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀