(Zawgyi)🍀🍀🍀🍀
Final(3) [Conclusion]🍉
(ကိုယ်..ချစ်သော clover..!!..)"ဘာဖြစ်လို့လဲ clover"
"လာမကြိုရဘူး? ဘာဖြစ်လို့လဲ ကိုကိုလာကြိုမယ်
လေ""ဪ..အတန်းချိန်ဆက်တာလား။ ကောင်းပါပြီဗျာ
ကိုကိုအိမ်ကနေဘဲစောင့်နေပါ့မယ်"သစ်မိုးအိမ် ဖုန်းချလိုက်ကာ စားပွဲခုံကိုတဒေါက်ဒေါက်
မည်အောင်ခေါက်နေလိုက်၏။ ဒီရက်ပိုင်းတွင်း ကောင်
လေးကနည်းနည်းပြောင်းလဲနေသည်။ သစ်မိုးအိမ် အနားသိပ်မကပ်ဘဲ တစ်ခုခုကိုဖုံးကွယ်ထားသလိုပင်။သူဖော်ထုတ်လိုက်သင့်လား?.. မဖြစ်သေးဘူး
ဒီကလေးကသူ့ကိုမသိစေချင်မှတော့ သူသိအောင်
မကြိုးစားသင့်ဘူး။ ဒါပေမယ့်သူသိချင်တယ်။ မဖြစ်
သေးပါဘူး..။ သစ်မိုးအိမ်၏စိတ်အခြေအနေမှာ
အမျိုးမျိုးပြောင်းနေရတော့သည်။Ringtone...။ သစ်မိုးအိမ် ဖုန်းကိုင်လိုက်သည်။
"ဟယ်လို တူလေးသစ်မိုး ဦးလေးပါ.."
သစ်မိုးအိမ်၏ စားပွဲကိုခေါက်နေသောလက်များ
ရပ်တန့်သွားကာ အမူအရာမှာလေးနက်သွားသည်။"ဦးလေး"
"ဦး..ဦးလေးရဲ့အစ်ကို လုပ်ခဲ့တာတွေအတွက်
တူလေးကိုတောင်းပန်ချင်လို့ပါ"ဦးသော်ထက်က ဖုန်းကိုခပ်တင်းတင်းဆုပ်ကိုင်ထား
ပြီး ဆက်ပြောရန်တွန်းအားပေးရသည်။ သူအတော်
ကို သတ္တိမွေးထားခြင်းဖြစ်ပြီး တူလေးသစ်မိုးကိုလည်း
မျက်နှာမပြဝံ့အောင်ဖြစ်ရ၏။ ဦးသော်ထက်ဆက်ကာ
ပြောလိုက်၏။"အနီရင့်သတင်းကို ဦးလေး TV မှာတွေ့လိုက်
တယ်။ သူမကိုခွင့်မလွှတ်နိုင်ဘူးဆိုတာ ဦးလေး
သိပါတယ်။ ကောင်းကောင်းမသွန်သင်ပေးနိုင်တဲ့
ဦးလေးအပြစ်ပါ။ တောင်းပန်ပါတယ်တူလေးသစ်မိုး။
ဦးလေးမိသားစုဝင်တွေအတွက် တောင်းပန်ပါတယ်""ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ဦးလေးမှာပြော
စရာစကားမရှိပါဘူး။ အစ်ကိုကြီးရန်မင်းကိုသေစေ
တဲ့အတွက်ရော တူလေးကိုမိဘမဲ့ဖြစ်စေတဲ့အတွက်
ရော။ အခြားထိခိုက်စေမိတဲ့အတွက်ရော အကုန်လုံး
အတွက် တောင်းပန်ပါတယ်"
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀