Part-68(ကျောင်းလူမိုက်ပေါက်စလေးရာထူးရသွားခြင်း)

22.9K 2.4K 166
                                    

(Zawgyi)🍀🍀🍀🍀

Part-68
(ကိုယ်..ချစ်သော clover..!!..)

"Daddy..ကိုကို..လေးလေးကောင်း မင်္ဂလာ
နံနက်ခင်းပါဗျ.."

အိမ်၏ရတနာလေး၏ချိုလွင်သော နှုတ်ဆက်သံ
အဆုံး လူသုံးယောက်လုံးပြုံးသွားမိကြသည်။ဆယ်
ကျော်သက်ကောင်လေးကို ပြန်နှုတ်ဆက်လိုက်တော့
ကောင်လေးက ချစ်စရာကောင်းစွာပြုံးပြလာသည်။

17နှစ်ရှိပြီဖြစ်သော ရွက်စိမ်းကလတ်ဆက်သော
သစ်သီးလေးနှင့်တူသည်။ Daddy ဦးထက်နောင်
နှင့် သစ်မိုးအိမ်တို့၏အသည်းအသက်ကလေးအဖြစ်
ကောင်းမွန်စွာအရွယ်ရောက်လာသည်မှာ နှစ်လိုဖွယ်
ကောင်းလှသည်။

တက္ကသိုလ်ဝင်တန်းကို ဖြေဆိုပြီးသောကောင်လေး
က သင်တန်းများကိုတစ်ခုပြီးတစ်ခုတက်နေပြီး...
ဖြေဆိုထားသော စာမေးပွဲရလဒ်ကိုစောင့်နေခြင်းဖြစ်
သည်။ ရွက်စိမ်း သင်တန်းတက်ရာနောက်မပါမဖြစ်
ကတော့ တိမ်ငယ်ဖြစ်ပြီး တစ်ယောက်သဘောကျ
သော သင်တန်းများကိုနောက်တစ်ယောက်ကလိုက်
တက်ပေးတတ်သောကလေးနှစ်ယောက်က တကယ့်
ကို တတွဲတွဲပင်။

ရွက်စိမ်းက စားပွဲတွင်ဝင်ထိုင်လိုက်သည်နှင့်
ဦးကောင်းက အအေးခံကာအသင့်ပြင်ထား
သော နွားနို့ပန်းကန်ကိုချပေး၏။ Daddy
ထက်နောင်က အဆင်သင့်စိတ်ခြမ်းထားသော
သစ်သီးများကိုထည့်ပေးလာသလို သစ်မိုးအိမ်က
လည်း အခွံမခွာရသေးသော စပျစ်သီးပန်းကန်ကို
ယူကာ စိတ်ရှည်လက်ရှည်အခွံခွာရင်း ဆယ်ကျော်
သက်ကောင်လေး၏ပန်းကန်ထဲထည့်ပေးနေသည်။
ကောင်လေး၏အဆင့်အတန်းကို စကားလုံးအချို့
ဖြင့်ဖော်ပြရပါက အချစ်ခံလေးဟူ၍ပင်ဖြစ်သည်။

သားအဖသုံးယောက်၏မနက်စာဝိုင်းလေးက..
နွေးထွေးကာ နှစ်သက်ဖွယ်ကောင်းသည်။ အရင်
မနက်စာစားပြီးသွားသော ဦးထက်နောင်ကအလုပ်
ကိုအရင်သွားရန်ပြင်သည်။ သစ်မိုးအိမ်က ရွက်စိမ်း
ကို သင်တန်းလိုက်ပို့ပြီးမှသာအလုပ်သွားတတ်သူ
ဖြစ်သောကြောင့် ဦးထက်နောင်ကပြောလာသည်။

"ဘောလုံးလေး..Daddy အလုပ်သွားလိုက်ဦး
မယ်။ သားကြီး ညီလေးကိုသင်တန်းလိုက်ပို့ရင်
ကားကိုဂရုစိုက်မောင်းဦးနော်.."

Clover your'e my clover[Completed]Donde viven las historias. Descúbrelo ahora