(Zawgyi)🍀🍀🍀🍀
Part-16
(ကိုယ်...ချစ်သော clover..!!..)ညဦးပိုင်းတွင် မိုးစက်မိုးပေါက်များက...
အနည်းငယ် ခုန်ပေါက်ထားသောကြောင့်...
မနက်ပိုင်း၏ လေညှင်းသည် နွေးထွေးမနေဘဲ
အေးစိမ့်စိမ့် အနေအထားကို ဖြစ်စေနေသည်...။နေရောင် အနည်းငယ် ရလာသောကြောင့်...
နွေးထွေးစ ပြုလာသော်လည်း အအေးဓာတ်
က မပျောက်ကွယ်သေး...။အဖြူရောင်များကိုသာ သုံးထားသော အခန်းထဲရှိ
ကြီးမားကျယ်ပြန့်သော ကုတင်ကြီးပေါ်တွင်....
ငယ်ရွယ်နုပျိုမှုများ လွှမ်းနေသော လူငယ်လေး
သစ်မိုးအိမ် သည် အိပ်ပျော်နေလေသည်..။အဖြူရောင် စောင်တစ်ထည်ကို ကိုယ်တစ်ပိုင်း
လွှမ်းခြုံထားသော သစ်မိုးအိမ် ၏ ရင်ဘက်နား
လောက်တွင်မူ နူးညံ့ပျော့ပျောင်း နေမည်မှာ..
သေချာသော ဆံပင်နက်နက်လေးများဖြင့်...
ခေါင်းလုံးလုံးလေးက တစ်စွန်းတစ်စ ထွက်ပေါ်
နေသည်...။သေချာသတိထား ကြည့်မှမြင်နိုင်သည့်...
ထိုအရာလေးသည် ငယ်ထိပ်လေးသာ...
ပေါ်၍ တစ်ကိုယ်လုံးမှာ စောင်ပုံထဲတွင်...
ဖြစ်သည်...။စောင်ကိုသာ ဖယ်ကြည့်လိုက်ပါက...
ခြေတိုတိုလေးက သစ်မိုးအိမ် ခါးကို အပီအပြင်
ခွထားကာ လက်ဖောင်းဖောင်း လေးနှင့်ပါ...
ဖက်ထားသေးသော ဘောလုံးလေး ရွက်စိမ်း ကို
တွေ့ရမည် ဖြစ်သည်..။တစ်ဖက်ကို စောင်းအိပ်နေခြင်းဖြစ်သောကြောင့်
ပါးအိအိကြီး ကို ဖိမိသလိုဖြစ်ကာ နှုတ်ခမ်းပိစိက
စူထော်ထော်လေးဖြစ်နေသည်...။"ဒေါက်..ဒေါက်..~!!...
မင်္ဂလာ မနက်ခင်းပါ..။ ကလေးနှစ်ယောက်
ထကြတော့..၆နာရီထိုးပြီ..."ဦးထက်နောင် မနက်တိုင်း လုပ်နေကြအတိုင်းပင်
ဖရဲသီးပုံ အမှတ်တံဆိပ်နှင့် အခန်းတံခါးကို...
ခေါက်ကာ နှိုးလိုက်သည်..။ အအိပ်ဆတ်သော
ကောင်လေးကြောင့် နှစ်ခါနှိုးစရာ မလို...။
DU LIEST GERADE
Clover your'e my clover[Completed]
RomantikWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀