(Zawgyi)🍀🍀🍀🍀
Part-54
(ကိုယ်..ချစ်သော clover..!!..)"ဒါရိုက်တာ ဦးမြင့်မောင် ရောက်နေပါတယ်
ဥက္ကဌကြီး..""လွှတ်လိုက်ပါ.."
ဦးထက်နောင် အသက်ရလာပြီဖြစ်သောကြောင့်
အလုပ်လုပ်ချိန်တိုင်း တပ်ထားရသောမျက်မှန်ကို
ချွတ်လိုက်ကာ ဥက္ကဌရုံးခန်းအတွင်ရှိ ဆိုဖာခုံတွင်
ဝင်ထိုင်လိုက်သည်။ တစ်ခဏအကြာတွင်
လက်ထောက်အတွင်းရေးမှူး၏လမ်းပြမှုဖြင့်ရောက်
လာသော ဒါရိုက်တာဦးမြင့်မောင်..။ လက်ထောက်
အတွင်းရေးမှူးပြန်ထွက်သွားသည်နှင့် ဒါရိုက်တာ
ဦးမြင့်မောင်က ဖိတ်စာတစ်ခုနှင့် စကားစလာသည်။"ငါ့ Babe လေးရဲ့မွေးနေ့ပွဲ လာခဲ့ကွာ..။ မင်းရဲ့
အဖိုးတန်သားနှစ်ယောက်ပါခေါ်လာခဲ့..."ဒါရိုက်တာဦးမြင့်မောင်၏ မျက်နှာကဆယ်ကျော်သက်
လေးလိုတက်ကြွနေပြီး Babe လို့ပြောလိုက်ချိန်တွင်
မျက်နှာကအနည်းငယ်နီသွားသေးသည်။ လူပျိုကြီး
တစ်ယောက်တော့ ဈာန်လျောသွားလေပြီထင်။ဦးထက်နောင် ကြိတ်ပြုံးလိုက်ပြီးဒါရိုက်တာဦးမြင့်မောင်
ပေးလာသောမွေးနေ့ပွဲဖိတ်စာကိုလှမ်းယူလိုက်သည်။
မွေးနေ့ဖိတ်စာကိုပင် နိုင်ငံခြားကနာမည်ကြီးဒီဇိုင်းနာ
ဖြင့်အပ်ထားသော ဦးထက်နောင်၏သူငယ်ချင်းကြီးက
သူ့ Babeဆိုသောသူလေးကို အတော်ဖြစ်နေပုံပင်။
ဦးထက်နောင် စချင်လာသောကြောင့်..."Babe? ..ဘယ်ကလေးကိုမုန့်ပေးပြီး ကြိုက်တာ
လဲ မြင့်မောင်..။ မင်းအဲ့ဒီကလေးကိုခြိမ်းခြောက်ပြီး
သိမ်းပိုက်ထားတာများလား..။ ကျွတ် ကျွတ်..
မြင့်မောင်..မြင့်မောင် တကယ်ကိုလူယုတ်မာဘဲ..""မင်း..မင်း..!!..."
မျက်နှာကြီး နီရဲကာရှူးရှူးရှားရှားဖြင့် ပြောစရာ
စကားမဲ့နေသောဒါရိုက်တာဦးမြင့်မောင်ကြောင့်
ဦးထက်နောင် အော်ရယ်မိတော့သည်။ဦးထက်နောင်တို့ သူငယ်ချင်းအုပ်စုထဲတွင်
ဒါရိုက်တာဦးမြင့်မောင်က တစ်ဦးတည်းသော
လူလွတ်ဖြစ်သည်။ ပျော်ပျော်နေတတ်ကာ
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၏
အရေးပါသော..ဒါရိုက်တာဖြစ်သည်။

YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀