(Zawgyi)🍀🍀🍀🍀
(သူ၏အစီအစဉ်များ စတင်လေပြီ)
Part-74
(ကိုယ်..ချစ်သော clover..!!..)"ကိုကြီးသူငယ်ချင်း တိမ်ငယ်တို့ဘယ်သွားကြ
မလို့လဲဟင်..""မြို့ပြင်ဘက်"
ဒီရေလှိုင်း ကားမောင်းနေရင်းပြန်ဖြေလိုက်တော့
မောင်းသူဘေးထိုင်ခုံတွင် ထိုင်နေသော..
ခရမ်းချဉ်သီးကခေါင်းလေးငြိမ့်သည်။ ဘာမှတော့
ထပ်မမေးတော့ဘဲ ညမီးရောင်အောက်တွင်အသက်
ဝင်နေသော ကားပြင်ဘက်ရှုခင်းများကိုလိုက်ကြည့်
နေသည်။ဒီရေလှိုင်း ကောင်လေးကိုတစ်ချက်ကြည့်ကာ..
ကောင်လေးဘက်မှကားမှန်ကိုချပေးလိုက်သည်။
စည်းကမ်းကြီးသော ဒီရေလှိုင်းက ကားမောင်းစဉ်
ကားမှန်ပိတ်ထားသည်မှာ သူချမှတ်ထားသော
စည်းမျဉ်းများထဲမှတစ်ခုဖြစ်၏။ အခုတော့ သူကိုယ်
တိုင်ပင် ထိုစည်းမျဉ်းကိုချိုးဖျက်လိုက်လေသည်။တိတ်ဆိတ်ခြင်းနှင့်ဆက်နွယ်နေသော ညလေညှင်း
က ကားမှန်ချလိုက်သည်နှင့် မျက်နှာသေးသေးလေး
ကိုထိခတ်ကာကျီဆယ်လာတော့သည်။ နီမြန်းသော
နှုတ်ခမ်းလေးများက ပြုံးသွားသောအခါ ပိရိသေသပ်
သော နှုတ်ခမ်းတစ်စုံကလည်းအနည်းငယ်တွန့်ကွေး
သွားသည်။တိမ်ငယ် လက်လေးများကိုကားဘေးဘောင်ပေါ်
တင်ကာခေါင်းလေးကိုပါ ထိုလက်ပေါ်သို့တင်ထား
လိုက်၏။ မျက်လုံးလေးများပါမှိတ်ထားရင်း ည
လေညှင်းကြောင့် ဆံပင်လေးများလွင့်နေသည်ကို
သဘောကျနေသော တိမ်ငယ်က သခင်နှင့်ကား
ပတ်စီးသော ခွေးပေါက်လေးလိုပင်ဖြစ်သည်။ဒီရေလှိုင်းက ထိုသို့တွေးမိသောအခါ အသံထွက်
အောင်ရီလိုက်မိ၏။ သူရယ်သံထွက်သွားသော
ကြောင့် ကားအပြင်ဘက်ကိုကြည့်နေသော..
ခရမ်းချဉ်သီးက လှည့်ကြည့်လာသည်။ ဒီရေလှိုင်း
ချောင်းအသာဟမ့်ကာ မသိချင်ယောင်ဆောင်နေ
လိုက်တော့မှ ခေါင်းလုံးလုံးလေးသည်ပြန်လှည့်
သွားကာ မျက်လုံးဝိုင်းကြီးများ၏အာရုံသည်ပြောင်း
သွားလေ၏။အချိန်အနည်းငယ်ကြာပြီးနောက် ညမီးရောင်အောက်
တွင် သက်ဝင်လှုပ်ရှားနေမှုများနှင့်တဖြည်းဖြည်းဝေး
လာကာ တိတ်ဆိတ်ငြိမ်သက်ခြင်းများက နေရာယူ
လာချိန်တွင် ဒီရေလှိုင်းမောင်းလာသောကားလေးက
Yမြို့တော်အပြင်ဘက်ကိုရောက်နေကြောင်း ပြောပြ
နေတော့၏။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀