(Zawgyi)🍀🍀🍀🍀🍀
Part-10
(ကိုယ်... ချစ်သော clover..!!..)ဦးထက်နောင် စားသောက်ဆိုင် အတွင်းမှ...
ထွက်လာသောသူကို မည်သူမှန်း သေချာစွာ..
အတည်ပြုချင်သောကြောင့် ထိုသူနောက်
ခပ်လှမ်းလှမ်းမှ လိုက်လာလိုက်သည်...။တနင်္ဂနွေ ပိတ်ရက်ဖြစ်သောကြောင့်....
ကစားကွင်းတွင် ပုံမှန်ထက်လူများနေသည်...။
ဦးထက်နောင် နောက်ယောင်ခံ လိုက်နေစဉ်မှာ
ပင် ထိုရင်းနှီးနေသော အမျိုးသား၏ ပုံရိပ်သည်
ဦးထက်နောင် ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား
လေသည်...။ဦးထက်နောင် မျက်ခုံးထင်းထင်းများ တွန့်ကွေး
သွားကာ မကျေမနပ်ဖြစ်သွားရသည်။
ဦးထက်နောင် ပတ်ဝန်းကျင် အား ထပ်မံ၍
စစ်ဆေးကြည့်သော်လည်း ထိုသူ၏..
အရိပ်အယောင်ပင် မရှိ...။ဦးထက်နောင် လက်လျော့လိုက်ရသည်...။
မိမိ စိတ်ထင်သည်လည်း ဖြစ်နိုင်သည်လေ..။
ဦးထက်နောင် သားနှစ်ယောက် ကို လိုက်ရှာရန်
နေရာမှ လှည့်ထွက်လာလိုက်သည်။ဦးထက်နောင် ထွက်သွားသည်နှင့်...
ထိုနေရာနှင့် မနီးမဝေး တစ်နေရာမှ...
ခပ်ထေ့ထေ့ အပြုံးနှင့် သူတစ်ဦးထွက်လာလေ
သည်...။ ထိုသူသည် အစောပိုင်းက ဦးထက်နောင်
နောက်ယောင်ခံ လိုက်နေသော စားသောက်ဆိုင်
ထဲမှ အမျိုးသားပင်...။ထိုသူသည် ဦးထက်နောင် ၏ ထွက်သွားရာ
ဘက်ကို တစ်ချက်ကြည့်ပြီး သူ့လိုရာခရီးကို..
ထွက်သွားလေသည်...။ဦးထက်နောင် အချိန်တစ်ခဏယူပြီးနောက်...
ခုံတန်းတစ်ခုတွင် ထိုင်ကာ ရေခဲမုန့်စားနေသော
သစ်မိုးအိမ်နှင့် ရွက်စိမ်းကို ရှာတွေ့လေသည်..။ဦးထက်နောင် ခုံတန်းအနားသို့ သွားလိုက်ကာ
နှစ်ယောက်၏ ခေါင်းကို လက်ဖဝါးကြီးဖြင့် အုပ်
ကိုင်ကာ ဆံပင်များကို ဆွဲဖွလိုက်သည်...။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀