(Zawgyi)🍀🍀🍀🍀🍀
Part-20
(ကိုယ်..ချစ်သော clover..!!..)BMW ကားနက်လေးသည် အရှိန်သတ်ကာ
ကျောင်းဂိတ်ဝ အနီးတွင် ရပ်လိုက်သည်..။
ရွက်စိမ်း ကိုကိုသစ်မိုးအိမ်၏ လက်ကိုတွဲကာ
ကားပေါ်မှ ဆင်းလိုက်သည်..။ဘေးကမမကလည်း ရွက်စိမ်းတို့နှင့်တူတူ
ကားပေါ်က ဆင်းလာသည်..။ ရွက်စိမ်း...
Daddy ထက်နောင်ကိုလှည့်ကြည့်လိုက်
တော့ ကားနားတွင်အန်တီလှလှနှင့် တူတူ
ရပ်နေကာ ရွက်စိမ်းတို့ကို တာ့တာပြနေသည်။ရွက်စိမ်းလေး အတွက်တော့ ထိုမြင်ကွင်းက
အနည်းငယ်စိမ်းသက်နေသည်..။ လက်သေး
သေးလေးများဖြင့် Daddy ထက်နောင် ကို..
ပြန် တာ့တာပြလိုက်သည်..။ဒီနေ့နည်းနည်းနောက်ကျသောကြောင့်...
ရွက်စိမ်းတို့ ကျောင်းဝန်းထဲရောက်ချိန်တွင်
ကျောင်းတက်ခါနီးနေပြီဖြစ်သည်...။"ကိုသစ် သွားကြမယ်လေ ကျောင်းတက်
တော့မယ်..""သွားနှင့်ပါ ကိုယ် clover ကိုစာသင်ခန်းထဲ
ထိလိုက်ပို့ပေးလိုက်ဦးမယ်..."သစ်မိုးအိမ် အနီရင့်ကို ပြောရင်းပင် ရွက်စိမ်း
လေး၏ လက်ဖောင်းဖောင်းလေးကို ဆုပ်ကိုင်
ထားလိုက်သည်..။ ဤသည်ကိုမြင်သော သူမ
က စိုးရိမ်နေသော ပုံလေးနှင့်ပြောလာသည်..။"အယ်.. ကိုသစ်ကို ဆရာမဆူဦးမယ်..."
ရွက်စိမ်းလေး ထိုမမ၏ စကားအဆုံး ကိုကို
လက်ထဲမှ လက်သေးသေးလေးကို ဆွဲထုတ်
လိုက်သည်..။ သစ်မိုးအိမ် လစ်ဟာသွားသလို
ခံစားလိုက်ရသောလက်ကြောင့် ရွက်စိမ်းလေး
ကို ကြည့်လိုက်မိသည်..။"clover..."
"ကိုကို..ရွက်စိမ်းလေး ဘာသာသွားလိုက်မယ်
လေ..။ ကိုကို ကျောင်းနောက်ကျရင် ဆရာမ
ဆူလိမ့်မယ် ရွက်စိမ်းလေးကို စိတ်မပူပါနဲ့ကိုကို
နော်..."
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀