(Zawgyi)🍀🍀🍀🍀🍀
Part-14
(ကိုယ်... ချစ်သော clover..!!..)သစ်မိုးအိမ် ၏ အမေးစကားက ၅နှစ်သားလေး...
သစ်ရွက်စိမ်း ကို အူကြောင်ကြောင်လေး ဖြစ်သွား
စေသည်..။တောက်ပနေသော မျက်လုံးဝိုင်းကြီးများက
သစ်မိုးအိမ် ကို ဝင့်ကာကြည့်လာသည်။ ခေါင်း
လုံးလုံးလေးကိုပါ ဘေးသို့ အနည်းငယ် စောင်း
လိုက်သည်က ရွက်စိမ်းလေး စဉ်းစားနေပါသည်
ဟု ပြောနေသလိုပင်...။ရွက်စိမ်းလေး အတွေးထဲ ပထမဆုံး ဝင်ရောက်
လာသည်က ကိုကိုနဲ့ တိမ်ငယ် က ရေထဲတူတူ
ဆင်းကြတာလား..။ ကစားကြမို့လား...?..။ရွက်စိမ်းလေးသည် အတွေးထဲ နစ်မြောနေသော
ကြောင့် သစ်မိုးအိမ် အမေးကို ပြန်မဖြေနိုင်သေး
ဘဲ ငြိမ်နေမိသည်..။ ရွက်စိမ်း မသိသည်က...
တဖြည်းဖြည်း ပျက်ယွင်းလာသော သစ်မိုးအိမ်
၏ မျက်နှာကိုပင်...။ရွက်စိမ်း က ပြန်မဖြေဘူး..။ ရွက်စိမ်း က တွေဝေ
နေတယ်။ ရွက်စိမ်း က ငါ့ကို မလိုချင်တော့ဘူးကိုး။ကိုယ်တိုင်ပင် မသိလိုက်ခင်မှာပင် သစ်မိုးအိမ်
ဆိုသော သွေးအေးလူသား၏ စိတ်အခြေအနေ
သည် ကလေးငယ် တစ်ဦးပေါ်တွင် အခြေတည်
လာခဲ့သည်..။သစ်မိုးအိမ် မျက်နှာကို မော့ကြည့်နေသော..
ရွက်စိမ်းက သစ်မိုးအိမ် ၏ လည်ပင်းကို...
သိုင်းဖက်ကာ သစ်မိုးအိမ် ၏ ပုခုံးတစ်ဖက်
ပေါ်တွင် ပါးအိအိကြီးကို အပ်ထားသည်..။
ပြီးမှ တိုးတိုးလေး ပြောလာသည်...။"ရွက်စိမ်းလေး မှ ရေမကူးတတ်တာ.."
"......."
မမျှော်လင့်ထားသော အဖြေက သစ်မိုးအိမ်
ကို တုန့်ပြန်မှု မဲ့စေသည်..။ငိုမဲ့မဲ့လေး ဖြင့် သစ်မိုးအိမ် ကို ကြည့်လာပြန်
သောကြောင့် သစ်မိုးအိမ် ခေါင်းထဲပေါ်လာရာ
ကို အမြန်ပြောလိုက်ရသည်...။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀