(Zawgyi)🍀🍀🍀🍀🍀
(High Boss Daddy နှင့်ကိုကိုကို ပိုင်ဆိုင်သော
ရွက်စိမ်းလေး)🔥🍀
Part-70
(ကိုယ်..ချစ်သော clover..!!..)
"ခရမ်းချဉ်သီး..!!.."
အသံကျယ်ကျယ်နှင့်အတူ အခန်းတံခါးကိုတွန်းဖွင့်
ကာ ဝင်လာသူကြောင့် ရေခဲမုန့်စားနေသော တိမ်ငယ်
တစ်ယောက် မျက်လုံးပြူးလေးဖြင့်လန့်သွားတော့..
သည်။ စားလက်စ ရေခဲမုန့်လေးက နှုတ်ခမ်းနီနီလေး
ကို ပေသွားသောအခါ.. တိကျမြန်ဆန်ကာကျွမ်းကျင်
သော လက်ချောင်းရှည်များက နူးညံ့သောတစ်ရှူး
တစ်စကိုကိုင်ကာ ညင်သာစွာသုတ်ပေးသည်။
တစ်ဆက်တည်းတွင်ဘဲ အလိုမကျမှုကြောင့်တွန့်ချိုး
နေသောမျက်ခုံးထူထူများဝန်းရံထားသည် အကြည့်
စူးစူးများက တံခါးဝဆီသို့ရောက်သွားသည်။ တည်
ငြိမ်ကာ လေပြေညှင်းလို အေးစက်သောအသံက
ထွက်လာသည်။
"မန်နေးဂျင်း တစ်ယောက်ဖြစ်ပြီး ဘယ်လိုတောင်
ပြာယာခတ်နေရတာလဲ လင်းနေ..။ ဝန်ထမ်းတွေ
ရဲ့ အမြင်မှာ မင်းပုံရိပ်ကိုကျဆင်းသွားအောင်လုပ်
နေတာလား.."
လင်းနေက နှာခေါင်းအသာရှုံ့ရင်း မသိချင်ဟန်
ဆောင်ကာ တိမ်ငယ်အနားတွင်ဝင်ထိုင်သည်..။
တိမ်ငယ်၏ ခြေလက်များမှစ၍ ခြေထောက်များ..
အဆုံးသေချာစစ်ဆေးနေပြန်သည့်အပြင် တိမ်ငယ်
၏ အင်္ကျီများကိုပါ ဟိုလှန်ဒီလှန်လုပ်နေသောကြောင့်
ကောင်လေး၏ လေမထိသော ဝမ်းဗိုက်ဖြူဖြူလေး
နှင့် သွယ်လျသောခါးလေးက ဒီရေလှိုင်း၏မျက်စိရှေ့
သို့ မကြာခဏရောက်ရောက်လာလေသည်။
ဒီရေလှိုင်း လင်းနေလက်တစ်ဖက်ကိုဆွဲကာ..
တားမြစ်လိုက်ပြီး မဲမှောင်နေသောအမူအရာဖြင့်
ပြောလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ.. မင်းလုပ်နေတာ
ခရမ်းချဉ်သီး လန့်နေပြီ.."
ဒီရေလှိုင်းပြောလိုက်မှ လင်းနေကရပ်သွားကာ..
သက်ပြင်းဖွဖွချသည်။ သူတိမ်ငယ်ကို့ကြည့်လိုက်
တော့ ကောင်လေးကအနည်းငယ်လန့်သွားပုံရ
သည်။ သူတိမ်ငယ်ကိုဖက်ထားလိုက်သည်။
"ကိုကြီးက ခရမ်းချဉ်သီးလေး ရန်ဖြစ်တယ်ဆိုလို့
အရမ်းလန့်သွားတာ..။ ထိခိုက်မိသွားတာ ရှိသေး
လား။ ဘယ် ကလေကဝက ငါတို့အိမ်ကအဖိုးတန်
လေးကို ဇယားလာရှုပ်ရဲတာလဲ ကိုကြီးကိုပြော..
ကိုကြီးသွားရိုက်ပေးမယ်.."
ESTÁS LEYENDO
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)